ULA/AA အနေဖြင့် ရခိုင်ရှိ လုပ်ငန်းရှင်များအားလုံးကို အခွန်ကောက်ခံနေဟုဆို

ULA/AA အနေဖြင့် ရခိုင်ရှိ လုပ်ငန်းရှင်များအားလုံးကို အခွန်ကောက်ခံနေဟုဆို

ရက္ခိုင်ပြည်သူ့အစိုးရ ULA/ AA အနေဖြင့် ရခိုင်တွင် နေထိုင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအားလုံးမှ အခွန်ကောက်ခံလျှက်ရှိကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် ULA/ AA ၏ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။

လက်ရှိကာလအခြေအနေတွင် အရာအားလုံးကို ခြုံငုံကာ မကောက်ခံနိုင်သေးသော်လည်း အားလုံးကို ပြည့်စုံစွာကောက်ခံနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

“ပြည်မက လုပ်ငန်းရှင်တွေကိုလည်း အခွန်ကောက်ပါတယ်။ မပေးလို့တော့မရပါဘူး။ ပေးကိုပေးရပါမယ်။ အချို့ကတော့ ကြားမှာဟာနေတာတော့ရှိပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီအခွန်ကောက်တဲ့ကိစ္စကို မလွဲမသွေ ရှေ့ဆက်လုပ်ကိုင်သွားဖို့ရှိပါတယ်” ဟု ခိုင်သုခက ပြောဆိုခဲ့သည်။

ထို့အပြင် မိမိတို့အစိုးရအနေဖြင့် မပြေလည်သော လုပ်ငန်းများအတွက် အခွန်လျှော့ပေါ့ပိုင်ခွင့်များ ပေးထားပြီး ကောက်ခံရရှိလာသော အခွန်အခများကို မပြီးဆုံးသေးသည့်တော်လှန်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့်  ပြည်သူ့လုံခြုံရေးနှင့် တရားစီရင်ရေးတို့တွင် သုံးစွဲလျှက်ရှိကြောင်းကိုလည်း ၎င်းကဆိုသည်။

“အခွန်တွေကို အလေအလွင့်မဖြစ်ရအောင်လို့ အရင်ကထက်ပိုပြီး စိစစ်တာတွေလုပ်နေပါတယ်။ အခွန်အားလုံးကတော့ ကျွန်တော်တို့ဆီကို အပြည့်အဝမရောက်နိုင်ပါဘူး။ အကယ်လို့ အချို့နေရာတွေမှာ အလွဲသုံးစားမှုတွေ ရှိနေတယ်ဆိုရင် မြင်တဲ့သူတွေက အမျိုးသားရေးအသိနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပေးကြပါ ”ဟု သူက ထပ်လောင်းပြောဆိုခဲ့သည်။

လက်ရှိတွင် ရခိုင်မှလုပ်ငန်းရှင်များအနေဖြင့် အခွန်အခများကိုပေးဆောင်နေရပြီဖြစ်ကြောင်းနှင့် ထိုသို့ပေးဆောင်ရာတွင် စနစ်တကျ ပေးဆောင်ရမည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

“အခွန်တွေကို ကောက်တဲ့အခါ ဘယ်လိုမူတွေ၊ ဘယ်လိုစည်းကမ်းချက်တွေချမှတ်ထားတယ်ဆိုတာကို တိတိကျကျ အများပြည်သူကို ထုတ်ပြန်ပေးနိုင်ရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ အခုဟာက တောင်းသလောက်ကို ပေးနေရသလိုမျိုးဖြစ်တယ်။ ဒီတော့ အချို့လုပ်ငန်းရှင်တွေဆိုရင် စီးပွားရေးကြပ်တည်းတာက တစ်ကြောင်း အခွန်နှစ်မျိုးဆောင်ရတာက တစ်ကြောင်းနဲ့ တော်တော်လေး အဆင်မပြေဖြစ်ကြရတယ် ” ဟု ၎င်းကဆိုသည်။

ULA/AAအနေဖြင့် ရခိုင်တွင် အခွန်များကို စတင်ကောက်ခံတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က ဦးခိုင်သုခက ပြောဆိုခဲ့သည်။

လက်ရှိတွင်လည်း အခွန်အခများကို ကောက်ခံလျှက်ရှိနေပြီး ပြည်သူများအတွက် အဆင်ပြေသော နှုန်းထားဖြင့် ကောက်ခံလျှက်ရှိကြောင်းကိုလည်း ၎င်းကပြောဆိုထားသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...