ဘိုကလေးတွင် ကုလဝန်ထမ်းတစ်ဦးအား စစ်ကောင်စီ ဖမ်းဆီး

ဘိုကလေးတွင် ကုလဝန်ထမ်းတစ်ဦးအား စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးအဖွဲ့ (UNFAO) မှ ဝန်ထမ်း တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားသည် ဟု သိရသည်။

ကုလသမဂ္ဂ UNFAO ဝန်ထမ်း ကိုအောင်မျိုးသန့် ဆိုသူကို ဇွန်လ ၈ ရက်နေ့ က စစ်ကောင်စီ၏ လက်အောက်ခံ ဘိုကလေး မြိုနယ်တရားရုံး၌ ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆို ခံထားရသည်ဟု အဆိုပါတရားရုံး အသိုင်းအဝိုင်း ထံမှ သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက “မြို့မရဲစခန်းက အမှုဖွင့် တိုင်ကြားလို့ တရားရုံးက လက်ခံ စစ်ဆေးပေးနေတာ”ဟု ပြောသည်။

ကိုအောင်မျိုးသန့်က ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ UNFAO ၏ စီမံကိန်း တာဝန်ဖြင့် လာရောက် လုပ်ကိုင်နေသူ ဖြစ်ပြီး ပန်းသခင်တည်းခိုခန်းတွင် ရှိနေစဥ် ဖမ်းဆီးအရေးယူခံရသည် ဟု ဘိုကလေးမြို့ အရပ် ဘက် လူမှုအဖွဲ့အစည်း အချို့ထံမှ သိရသည်။

“ကျနော်တို့ မြင်တွေ့နေတာတော့ သူမှာ ရုံးအဖွဲ့မရှိဘူး။ သူတစ်ယောက်ထဲ တည်းခိုခန်းမှာ အခန်းငှားပြီး လုပ် နေတာ” ဟု ဘိုကလေးမြို့ခံ တစ်ဦးက ပြောသည်။

ကမ္ဘာ့စားနပ် ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးအဖွဲ့ UNFAO ၏ ပထမ စီမံကိန်းအပြီး နောက်ထပ် ၆လ စီမံကိန်း ၌ တာဝန်ယူရသူ ဖြစ်ကာ တည်းခိုခန်း ၌ အခန်းငှားရမ်း နေထိုင်၍ စီမံကိန်း လုပ်ငန်းများကို တစ်ယောက်တည်း လုပ်ဆောင်နေသူဖြစ်သည် ဟု ဆက်သိရသည်။

ကိုအောင်မျိုးသန့်ကို စစ်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များက ဘိုကလေးမြို့ရှိ ပန်းသခင် တည်းခိုခန်းအား ဇွန်လ ၃ ရက်နေ့ ညက ဧည့်စာရင်း ဝင်စစ်ရာမှ တွေ့ရှိပြီး စစ်မေးရန်ရှိသည်ဆိုကာဟု ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့ထံမှ သိရသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...