ကုန်ကြမ်းပစ္စည်းများ စျေးကြီးသောကြောင့် ရခိုင်ရက္ကန်းလုပ်ငန်းရှင်များ အခက်တွေ့နေ

ကုန်ကြမ်းပစ္စည်းများ စျေးကြီးသောကြောင့် ရခိုင်ရက္ကန်းလုပ်ငန်းရှင်များ အခက်တွေ့နေ

စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိရာ ရက္ကန်းထည်လုပ်ငန်းတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများမှာလည်း စျေးနှုန်းမြင့်တက်နေသောကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေကြသည်ဟု သိရသည်။

ရက္ကန်းလုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်းများကို နိုင်ငံခြားကမှာယူရပြီး ဒေါ်လာဈေးမြင့်တက်မှုများကြောင့် ကုန်ကြမ်းဈေးနှုန်းမှာလည်း မြင့်တက်နေကြောင်း စစ်တွေမြို့နယ်ရှိ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းပိုင်ရှင် ဒေါ်မအေးက DMG သို့ပြောသည်။

“ကုန်ကြမ်းပစ္စည်းတွေက အိန္ဒိယကထုတ်တဲ့ ချည်တွေကိုသုံးတယ်။ ဒါပေမယ့် အိန္ဒိယကတိုက်ရိုတ်မဝယ်ယူနိုင်တော့ မုံရွာတို့၊မန္တလေးတို့ဘက်ကတဆင့် ဝယ်သုံးတယ်။ ကိုဗစ်ကာလနဲ့စာရင်တော့ ရောင်းအားရှိပါတယ်။ ဒါပေမယ့်လည်း ကုန်ကြမ်းတွေကိုဈေးကြီးပေးဝယ်နေရတော့ ရက္ကန်းစင် ၁၀၀ ကျော်မှာ ၁၀ ကျော်လောက်ပဲ လည်ပတ်နိုင်သေးတယ်”ဟု ၄င်းကဆိုသည်။

စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရွှေကျားရက္ကန်းလုပ်ငန်းတွင် စက်ရက္ကန်းနှင့် လက်ရက္ကန်း စုစုပေါင်း ၁၂၀ ကျော် လည်ပတ်နိုင်ခဲ့သော်လည်း လက်ရှိတွင် ၁၀ ကျော်ခန့်သာ လည်ပတ်နိုင်ကြောင်း ၄င်းကဆက်လက်ပြောသည်။

“နှစ်တစ်ရာချည်ဆို တစ်သိန်းတစ်သောင်းစျေး၊ နှစ်ရှစ်ဆယ်ချည်ဆို ရှစ်သောင်းစျေးရှိတယ်။ ၂၀၁၅ ခု၊ ၂၀၁၆ ခုနှစ်လောက်ဆိုရင် နှစ်ရှစ်ဆယ်ချည်ကို သုံးသောင်းစျေးပဲရှိတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ စျေးတွေ တဖြည်းဖြည်းတက်လာတာ”ဟု ဒေါ်မအေးကဆိုသည်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာတွင်လည်း လက်ရက္ကန်းလုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အခက်အခဲများနှင့်ရင်ဆိုင်နေကြရကြောင်း စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွငိ လက်ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ မကျော့ကျော့ဦးက DMG သို့ပြောသည်။

“အရင်တုန်းကဆိုရင် ချည်တစ်ကဒ်ကို လေးသောင်းလောက်ပဲပေးရတယ်။ အခုက ချည်တစ်ကဒ်ကိုငါးသောင်းကျော်ပေးဝယ်နေရတယ်။ ကုန်ကြမ်းတွေဈေးတက်တယ်။ အလုပ်သမားတွေကလည်း ဈေးပိုတောင်းတယ်။ ရောင်းတဲ့အခါကျတော့ ကုန်ကြမ်းတွေလည်းဈေးကြီးတော့ အထည်တွေလည်းဈေးကြီးသွားပြီး သိပ်မရောင်းရတော့ဘူး”ဟု ၎င်းကဆိုသည်။

စစ်တွေမြို့နယ်မှ ဝါဘို၊ တောကန်၊ ကန့်ကော်ကျွန်း၊ ကျားမသောက်၊ သိန်းတန်နှင့် ကျောက်တန်းချေကျေးရွာတို့တွင် ရက္ကန်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...