နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ကိုင်းကြီး လူသတ်မှု သတင်း ထုတ်ပြန်ချက်

နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ကိုင်းကြီး လူသတ်မှု သတင်း ထုတ်ပြန်ချက်
by -
နိရဥ္စရာ
ကိုင်းကြီး(မြို)ကျေးရွာသား ခြောက်ဦးသေဆုံး နှစ်ဦးပျောက်ဆုံးလျက်ရှိ၊ အစွန်းရောက်အကြမ်းဖက်များအား ပိတ်ဆို့ရှာဖွေ လိုက်လံရှင်းလင်းလျက်ရှိမောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာ အနောက်ဘက်၌ ယနေ့နံနက်ပိုင်းတွင် သေနတ်သံများ ကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ခြောက်ဦး၏ အလောင်းများအား တွေ့ရှိခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးလျက်ရှိသည့်အတွက် အစွန်းရောက်အကြမ်းဖက်များအား ပိတ်ဆို့ရှာဖွေ လိုက်လံရှင်းလင်းလျက်ရှိသည်။

ကိုင်းကြီး(မြို)ကျေးရွာအနောက်ဘက်၌ ယနေ့နံနက် ၁၀ နာရီခန့်က သေနတ်သံ များကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းရှာဖွေခဲ့ရာ ကိုင်းကြီး (မြို)ကျေးရွာနေ ကုန်ဝိုင်း(၂၅) နှစ်(ဘ)ဦးစံထွန်း၊ လင်းကြတ်(၂၉)နှစ် (ဘ)မာန်ဒိုင်းတို့ နှစ်ဦးအား မှောက်လျက်အနေအထားဖြင့် သေဆုံးလျက်ရှိသည်ကို စတင်တွေ့ရှိခဲ့သည်။

ဆက်လက်၍ လိုက်လံရှာဖွေရာ ဦးကိုင်းမွှေး(၂၅)နှစ်(ဘ) ဦးတင်ဝိုင်းသည် ဦးခေါင်းနောက်စေ့ ၆လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ညာကျောကုန်း ၃လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ၂လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်၊ ညာလက်ဖျံပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာပေါင်လေးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ညာခြေဖနောင့်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဘယ်ပေါင် ၂ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ခြေသလုံး ၈ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေ သည်ကိုတွေ့ရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆက်လက်နယ်မြေရှင်းလင်းဆောင်ရွက်ရာ ဒေါ်ဆိန်ရာ (၃၈)နှစ် (ဘ)ဦးပါရာတွင် ညာခြေချင်းဝတ် ပြတ်လုနီးပါး ဒဏ်ရာတစ်ချက်၊ နောက်စေ့ပြတ်ရှ ၅ လက်မခန့်ဒဏ်ရာတစ်ချက်ဖြင့်လည်းကောင်း၊ ဒေါ်ရီ(၂၇)နှစ် (ဘ)ဦးရှိန်တောင်တွင် ငယ်ထိပ်မှ ၀ဲဘက်နားရွက်ထိ ၅ လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာနဖူးမှ ၀ဲပါးအထိ ၄ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ညာပုခုံး သေနတ်ရှပ်မှန် ဒဏ်ရာများဖြင့်လည်းကောင်း၊ ဒေါ်ထီးကော် (၂၅)နှစ် (ဘ) ဦးရိုင်ရုံးတွင် ဦးခေါင်းပွင့်ထွက် သေနတ်ဒဏ်ရာတစ်ချက်၊ ညာကျောကုန်းဖောက်ဝင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား ၂ ဦး အား ဆက်လက် ရှာဖွေလျက်ရှိကြောင်း၊ အပြစ်မဲ့ မြိုတိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်သွားသည့် အစွန်းရောက်အကြမ်းဖက်သမားများအား ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...