မယူကမ်း စေတီပြင် အနီးရှိ အောက်နန်းရာမှ သေနတ်ပစ်ခတ်သံများကြားရ

မယူကမ်း စေတီပြင် အနီးရှိ အောက်နန်းရာမှ သေနတ်ပစ်ခတ်သံများကြားရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင် ကျေးရွာအနီးရှိ အောက်နန်းရာရွာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ တရားခံ ဖမ်းဆီးရန် သွားရောက်စဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ အခုဘဲ ပစ်ခတ်နေကြတာပါ။ အခုဘဲ ဖြစ်နေကြာတာပါ။ သိပ်မကြာသေးပါဘူး။ အခုဘဲ ဖြစ်နေတာပါ။ သေနတ်သံ အချက် ၁၀၀ ခန့်ကြားရပါတယ် ” ဟု စေတီပြင်ကျေးရွာမှ ဦးမောင်အေးညွှန့်က နံနက် ရ နာရီ ၄၅ မိနစ်တွင် ပြောကြားသည်။

အောက်နန်းရာ ဘင်္ဂလီကျေးရွာသို့ မူစဲကမ်း ရွှေလောင်းတင်အနီးရှိ အနောက်ပြင် ဘင်္ဂလီရွာမှ တရားမဝင် လာရောက်သူများရှိနေကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်ဖွဲ့မှ အင်အား ၃၀ ကျော်ဖြင့် ဖမ်းဆီးရန် သွားရောက်ရာ အောက်နန်းရာကျေးရွာတွင်းမှ လူအုပ်များဖြင့် ၀ိုင်းအုံလာပြီး သေနတ်များဖြင့် စတင် ပစ်ခတ်ခဲ့သဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရသည်ဟု စေတီပြင်ကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ
ဦးမောင်အေးညွှန့်က နိရဥ္စရာသို့ ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အာဏာပိုင်များနှင့် အဆက်အသွယ် မရရှိသေးသဖြင့် အသေးစိတ် အချက်အလက်များကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...