လက်နက်အင်အားမမျှမှုကြောင့် CDF-ကန်ပက်လက်တပ် -၂ စခန်းစွန့်လွှတ်လိုက်ရ၊ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

လက်နက်အင်အားမမျှမှုကြောင့် CDF-ကန်ပက်လက်တပ် -၂ စခန်းစွန့်လွှတ်လိုက်ရ၊ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဇွန်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေပြီး လက်နက်အင်အား မမျှမှုကြောင့် CDF-ကန်ပက်လက်တပ်ရင်း -၂ Vakok စခန်းကို စွန့်လွှတ်လိုက်ရသော်လည်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ကျောက်ထုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၉ ရက်နေ့က ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသောကြောင့် CDF- ကန်ပက်လက်အပါဝင် ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည်ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

“ကန်ပက်လက်နယ်ထဲ အထက်လက်မွန်ကျေးရွာဝန်းကျင်မှာဖြစ်တာ။ အဲ့မှာ စစ်ကောင်စီဖက်က ၉ ယောက်ကျဆုံးတာ သေချာတယ်။ ကျွန်တော်တို့ဖက်ကတော့ အထိအခိုက်မရှိဘူး။ မနေ့ကလည်း တောက်လျှောက်ဖြစ်တယ်။ စစ်ရေးတော့ တင်းမာ နေတယ်ဆက်ဖြစ်ဖို့ တောက်လျှောက်ဖြစ်ဖို့များတယ်။” ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် CDF-ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့တို့သည် ဇွန်လ ၉ ရက်နေ့ မနက် ၁၀ နာရီမှ ၁၁ နာရီထိတစ်ကြီမ်၊ ညနေ ၅ နာရီမှ ၆ နာရီထိတစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အထက်လက်မွန်ကျေးရွာမှ ပြည်သူများ၏ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်မွေးတိရ စ္ဆာန်များအား ခိုးယူသတ် ဖြတ်စားသောက်သည့်အပြင် အောက်လက်မွန်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို ဓားစာခံအဖြစ်ဖမ်း ဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့တွင် CDF-ကန်ပက်လက်တပ်ရင်း− ၂ Vakok စခန်းတည်နေရာသို့ဦးတည်စစ်ကြောင်းထိုးလာပြီး မနက်ပိုင်း ၇ နာရီမှ ၉ နာရီထိတစ်ကြိမ် ညနေပိုင်း ၁ နာရီမှ ၄ နာရီထိတစ်ကြိမ် တစ်နေကုန်နီးပါး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၅ ဦးသေဆုံးကာ အယောက် ၃၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-ကန်ပက်လက်ကထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်နေ့တိုက်ပွဲတွင် ကျောက်ထုအမြောက်တပ်နှင့် မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းတို့မှ ၁၂၀ မမ တို့ဖြင့် အချက်ပေါင်းများစွာဖြစ်ကူကာ လူအင်အား၊ လက်နက်အင်အားမမျှမှုကြောင့် CDF-ကန်ပက်လက်တပ်ရင်း− ၂ Vakok စခန်းကိုလက်လွှတ်လိုက်ရသည်ဟု CDF-ကန်ပက်လက်ကထုတ်ပြန်သည်။

စစ်ကောင်စီ စစ်ကြောင်းထိုးသည့်လမ်းကြောင်းတလျှောက်တွင်ရှိသော ကျေးရွာ ၉ ရွာမှ ပြည်သူများသည် အရေးပေါ် စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်ရှိသည်ဟု သိရသည်။

ကန်ပက်လက်တိုက်ပွဲတွင် CDF- Kanpetlet ဘက်မှ The Youth Force (Saw,Kyaukhtu)/ PDF (ညောင်ရမ်း)၊ Saw PDF တပ်ရင်း(၂)၊ (YRPA) တို့မှ စစ်ကူပေး ပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြသည်။

August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...