မအူပင်တွင် အင်းသူကြီး သားဖြစ်သူ ပစ်သတ်ခံရပြီး လူ ၃၀ နီးပါး ဖမ်းခံရ

မအူပင်တွင် အင်းသူကြီး သားဖြစ်သူ ပစ်သတ်ခံရပြီး လူ ၃၀ နီးပါး ဖမ်းခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းက အင်းသူကြီးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် တစ်ပတ် အတွင်း အရပ်သားပြည်သူ ၃၀ နီးပါး အဖမ်းခံထားရသည်ဟု ဒေသခံများက ပြောသည်။

မအူပင်မြို့နယ်၊ ခွားလေးကျွန်းကျေးရွာက ရာဇူတိုင် အင်းသူကြီး၏သား ကိုနိုင်ဦး ပစ်သတ်ခံရပြီးနောက် စစ် ကောင်စီတပ်ဖွဲ့က တစ်ပတ်အတွင်း ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထားသည်ဟုသိရသည်။

“နိုင်ဦးက ပျူစောထီး ခေါင်းဆောင် သတင်းပေး ဒလန်ပါ။ ခရိုင်ဥက္ကဋ္ဌက ဖိအားပေးလို့ မဆိုင်တဲ့သူတွေကို ရဲက ဇွတ်ဖမ်းနေတာ မိန်းမတွေပါ ဖမ်းတာ” ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပန်းပင်စုကျေးရွာနှင့် ခွားလေးကျွန်းကျေးရွာမှ ဒေသခံများကို  စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် စစ်သား များက ဖမ်းဆီးခြင်းဖြစ်ပြီး အဖမ်းခံရသူအများစုမှာ NLD ပါတီဝင်များနှင့် ပါတီအား ဝန်းရံ ထောက်ခံသူများ ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးလည်း ပါဝင်သည်ဟု သိရသော်လည်း အမျိုးသမီးအရေအတွက်ကို အတိ အကျ မသိရသေးဘူးဟု ဆိုကြသည်။

ဖမ်းဆီးခံရသူများ၏ မိသားဝင်တစ်ဦးက “အဖမ်းခံရတဲ့သူတွေနဲ့ တွေ့ခွင့်မရသေးဘူး။ မအူပင် ရဲစခန်းမှာ ချုပ် ထားတယ်လို့တော့ သိရတယ်” ဟု ပြောသည်။

အသတ်ခံရသူ အင်းသူကြီး၏သား ကိုနိုင်ဦးသည် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် နီးစပ်သူ တပည့်တစ်ဦး ဖြစ်သောကြောင့် ပစ်သတ်သူများ ဖမ်းဆီးနိုင်ရန် မအူပင်ခရိုင် ဥက္ကဋ္ဌက ဖိအားပေးထားသည်ဟု ရဲတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။

လူမိုက်များမွေးပြီး ဒေသခံများအပေါ် အနိုင်ကျင့်ကာ မမှန်သတင်းပေးသူ အင်းသူကြီး၏သား ကိုနိုင်ဦးကို ၎င်း တို့၏ တပ်ဖွဲ့ဝင်များက သုတ် သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ပြောက်ကျားတပ်ဖွဲ့ဖြစ်သည့်  မအူပင် သေမင်း လက်ယာအဖွဲ့က ထုတ်ပြန်ထားသည်။

ပျူစောထီး နှင့် ရာဇူဒိုင်လူမိုက်အဖွဲ့ ခေါင်းဆောင် စစ်တပ်၊ ရဲသတင်းပေး နိုင်ဦးကို ရာဇူဒိုင်အင်း အတွင်းရှိ ၎င်း၏ တဲအိမ်တွင် မေလ ၃၀ ရက်နေ့ ညက အမည်မသိ လူတစ်စုက စက်လှေဖြင့် ရောက်လာပြီး ပစ်သတ်သွားသည် ဟု ဒေသခံများထံမှ သိရသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...