ပုသိမ်-သာပေါင်းလမ်းမကြီး ဘေးရှိ အဆောက်အအုံ ၁၅၀၀ ကျော်ကို ဖျက်သိမ်း

ပုသိမ်-သာပေါင်းလမ်းမကြီး ဘေးရှိ အဆောက်အအုံ ၁၅၀၀ ကျော်ကို ဖျက်သိမ်း

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အတွင်းရှိ ပုသိမ်-သာပေါင်း ကားလမ်းမကြီးဘေး တစ်လျှောက် လမ်းနယ်နိမိတ် နှင့် မလွတ်ကင်းသည့် အဆောက်အအုံ ၁၅၀၀ ကျော်ကို စစ်ကောင်စီ က ဖျက်သိမ်းနေသည်ဟု သိရသည်။

သာပေါင်းမြို့နယ် အဝင် သဲဖြူကျေးရွာအုပ်စုမှ သာပေါင်းမြို့ကမ်းနားလမ်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အထိ အရှည် ၁၇ မိုင်ကျော် အတွင်းက ကားလမ်းမကြီး ဘေးနှစ်ဘက်ရှိ နေအိမ်၊ စျေးဆိုင်၊ အဆောက်အဦများကို ဇွန်လ ၇ ရက်နေ့က စတင်၍ ဖျက်သိမ်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကားလမ်းဘေး နေလာကြတာ နှစ် ၂၀ လောက်ရှိနေပြီ။ အခုမှ လမ်းမြေနဲ့ မလွတ်ဘူးဆိုပြီး ဆွဲဖျက်ကြတာ။ တောင်းပန်လို့လည်း မရဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဖျက်သိမ်း ပြောင်းရွေ့ပေးရသည့် နေအိမ်၊ စျေးဆိုင်ခန်း၊ အဆောက်အဦ များအတွက် နစ်နာကြေး၊ ထောက်ပံ့ ကြေးများပေးခြင်း နှင့် အိမ်လုံးချင်းဖျက်သိမ်း ဖယ်ရှားခံရသည့် သူများအတွက် မြေနေရာ ပြန်လည် ချထားပေး ခြင်းများ မရှိ၍ အခက်ကြုံနေကြရသည်ဟု နေအိမ်ဖျက်ခံသူ အချို့က ပြောသည်။

လမ်းနယ်နိမိတ် အတွင်းသို့ ကျူးကျော်ဝင်ရောက် ဆောက်လုပ်ထားသည့် နေအိမ်၊ ဆိုင်များနှင့် အဆောက်အဦ များ၏ အစိတ်အပိုင်းများ ဖျက်သိမ်းပေးရန် ၅ လခန့် ကြိုတင်အသိပေးပြီးမှ ဖျက်သိမ်းခြင်းဖြစ်သည်ဟု စစ် ကောင်စီ၏ အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဆိုသည်။

အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က “အဖျက်ခံရတဲ့ အထဲမှာ လှေကြီးတက်အုပ်စုနဲ့ မြို့မရပ်ကွက် အများဆုံးပဲ” ဟု ပြောသည်။

သာပေါင်းမြို့နယ် အတွင်းရှိ ပုသိမ်-သာပေါင်း ကားလမ်း အကျယ်သည် နှစ်ဘက်လမ်း ပုခုံး အပါအဝင် ပေ ၁၅၀ ရှိကြောင်း လမ်းတံတားဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

ယင်း ကားလမ်းဘေး နှစ်ဘက်တွင် သဲဖြူ၊ အောင်တပ်၊ ဇီးဖြူကွင်း၊ ရွှေဆန်အိုး၊ အိုးဘို၊ ကွမ်းခြံကုန်း၊ နံနံပင် ကုန်း၊ ကြက်သွန်ကွင်း၊ လှေကြီးတက် စသည့် ကျေးရွာအုပ်စုဝင်များအပြင် သာပေါင်း မြို့မရပ်ကွက်တို့ အကြား ဖြတ်သန်း ဖောက်လုပ်ထားသည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...