စစ်ကောင်စီ အတွက် မြေသည်ပေးသည့် ကား မီးရှို့ခံရ

စစ်ကောင်စီ အတွက် မြေသည်ပေးသည့် ကား မီးရှို့ခံရ

စစ်ကောင်စီတပ်ဖွဲ့အတွက် ပစ္စည်းများနှင့် စစ်သားများကို သယ်ယူပေးနေသည့် ထားဝယ်ခရိုင်ထဲက မြေသယ် ကား တစ်စီး မီးရှို့ခံလိုက်ရသည်ဟု မြို့ခံများက ပြောသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရိက္ခာပစ္စည်းများ ထောက်ပို့ သယ် ယူပြုလုပ်ပေးနေရသည့် မြေသယ်ကားတစ်စီး ဇွန်လ ၈ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခံ လိုက်ရသည်ဟု ဒေသခံများ က ပြောသည်။

“ဒီကားက စော်ဖျားရွာဘက်မှာ စစ်သားတွေနဲ့ ပျူစောထီးတွေကိုတင်ပြီး အမြဲသွားလာနေတာ တွေ့ရတယ်။ တခါ တလေ ရိက္ခာ စားကုန်ပစ္စည်းတွေတင်ပြီး စစ်တပ်ကိုပို့ပေးနေတာ” ဟု အသက် ၃၅ နှစ်အရွယ် ကင်းရှေ့ ရွာသား တစ်ဦးက ပြောသည်။

ရှင်မုတ္ထီးကျေးရွာနှင့် စော်ဖျားကျေးရွာ အသွား လမ်းပိုင်းရှိ ကင်းရှေ့ကျေးရွာအနီးတွင် မြေသယ်ကား (အနီရောင်) ကို ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။

ထိုမြေသယ်ယာဥ်သည် စော်ဖျားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထောက်ပို့ သယ်ယူ ပေးနေသည်ဟု စစ်ဆေးတွေ့ရှိရသောကြောင့် မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး၊ ယာဥ်မောင်းသမားအား သတိပေး ဆုံးမကာ ပြန်လွှတ်ပေးလိုက်သည်ဟု ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အလားတူ လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်မှာ ဆီဖြည့်ရန်လာသည့် ကား တစ်စီးကိုလည်း ဧပြီလ ၂၈ ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...