ဘိုကလေးမြို့မစခန်းမှူးဆိုသူက လူမိုက်များမွေးကာ ငွေကြေးမတရားတောင်းယူမှုများ ပြုလုပ်နေဟုဆို

ဘိုကလေးမြို့မစခန်းမှူးဆိုသူက လူမိုက်များမွေးကာ ငွေကြေးမတရားတောင်းယူမှုများ ပြုလုပ်နေဟုဆို

ဧရာဝတီတိုင်း ဘိုကလေးမြို့မစခန်းမှူးညွန့်လှိုင်ဆိုသူက မြို့ပေါ်တွင်လူမိုက်များမွေးကာ ဒေသခံပြည်သူ များထံမှ မတရားငွေကြေးတောင်းယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါစခန်းမှူးသည် မအူပင်မြို့မရဲစခန်းမှ ပြောင်းရွှေ့လာသည့်စခန်းမှူးဖြစ်ပြီး ဘိုကလေးမြို့သို့ ရောက်ရှိတာဝန်ထမ်းဆောင်ချိန်မှစ၍ ဒေသလုံခြုံရေးကိုအကြောင်းပြကာ ငွေကြေးမတရားတောင်းယူမှု များ အကြီးအကျယ်ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဘိုကလေးမြို့၊ မြို့သစ်တွင်နေထိုင်သည့် မရှိနွမ်းပါးများအား ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီး ငွေတောင်းယူခြင်း၊ ညမထွက်ရအမိန့်ကျော်လွန်သည်ဟုဆိုကာ ငွေကြေးတောင်းယူခြင်း၊ လောင်းကစား ဒိုင်များအား ယခင်လိုင်းကြေးထက် နှစ်ဆ၊ သုံးဆ ပိုမိုတောင်းယူနေခြင်း၊ ညမထွက်ရအမိန့် ည (၁၂ )နာရီ ကြေညာထားပြီး ည(၁၀)နာရီကျော်သည်နှင့် လုံခြုံရေးအကြောင်းပြကာ ၎င်းမွေးထားသည့် လူမိုက်များ နှင့်အတူ ပြည်သူလူထုအားခြိမ်းခြောက်၍ ငွေးကြေးတောင်းယူခြင်း၊ မတရားဖမ်းဆီးခြင်းများကို ပြုလုပ် နေကြောင်း ဒေသခံများကပြောသည်။

“ဘိုကလေးကိုပြောင်းလာတဲ့အချိန်မှာ စခန်းမှူးညွန့်လိုင်က သူနဲ့အတူ လူမိုက်တွေကိုပါခေါ်လာတယ်။ အဲဒီလူမိုက်လိုလို ပျူစောထီးလိုလိုကောင်တွေအားကိုးနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တာတွေ၊ ငွေ တောင်းတာတွေ လုပ်နေတာပါ။ ညဖက်တွေမှာဆိုလည်း လုံခြုံရေးအကြောင်းပြီး လမ်းသွားလမ်းလာ တွေဆီက ဖုန်းတွေကို ယူစစ်တယ်။ စစ်ဆေးရင်လည်း မချေမငံဆက်ဆံပြီး သူတို့နဲ့ စကားပြောလို့ အဆင် မပြေရင် ငွေတောင်းတာတွေ၊ မတရားဖမ်းဆီးတာတွေပါလုပ်နေတာပါ” ဟု ဘိုကလေးမြို့ခံတစ်ဦးကဆို သည်။

ထိုသို့ မတရားငွေကြေးတောင်းယူခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်နေသည်ကို ဘိုကလေးမြို့ပေါ်တွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်များနှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက သိရှိသော်လည်း အရေးယူ ခြင်းတစ်စုံတစ်ရာမရှိသည့်အတွက် မြို့ပေါ်နေပြည်သူများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ဒေသခံများကပြောကြားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...