NLD ပါတီ ကိုယ်စားလှယ်ဟောင်းတစ်ဦးကို တရက်ကြာဖမ်းဆီးပြီး ခံဝန်ဖြင့် ပြန်လွှတ်

NLD ပါတီ ကိုယ်စားလှယ်ဟောင်းတစ်ဦးကို တရက်ကြာဖမ်းဆီးပြီး ခံဝန်ဖြင့် ပြန်လွှတ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ အဖမ်းခံလိုက်ရသည့် မြောင်းမြမြို့က NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး အဖမ်းခံရပြီး တစ်ရက်အကြာတွင် ခံဝန်ထိုးခိုင်းပြီး ပြန်လည်လွှတ် ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းကို စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများက ဖမ်းဆီးသွားပြီးနောက် ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

မျက်မြင်တွေ့သူ မြောင်းမြမြို့ခံ တစ်ဦးက “PDF နဲ့ ဆက်သွယ်လို့ဆိုပြီးဖမ်းသွားတာ” ဟု ပြောသည်။

မြောင်းမြမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်သောက်နေသည့် ဦးသန့်ဇော်ဝင်းအား ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ မြောင်းမြမြို့ခံ တစ်ဦး က ပြောသည်။

ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ဇွန် လ  ၅ ရက်နေ့ ညနေပိုင်း တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ဦးသန့်ဇော်ဝင်းက ကိုယ်စားလှယ်အဟောင်းလေ။ ၂၀၂၀ မှာ မပါဘူး။ အာဏာသိမ်းပြီး နောက်ပိုင်း အေးအေး နေပြီး နိုင်ငံရေး ပင်စင်ထုတ်စားနေတာ ထင်ပါတယ်။ သူနဲ့အတူ စည်ပင်ကော်မတီအတွင်းရေးမှူး ဟောင်းလည်း အဖမ်းခံရတယ်။ ၂ ယောက်လုံး လွတ်လာပါပြီ” ဟု မြို့ခံ NLD ပါတီဝင်တစ်ဦး က ပြောသည်။

NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်များ၊ အမာခံပါတီဝင်များနှင့် NLD ပါတီကို ဝန်းရံထောက်ခံသူများကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးမှုများ ရှိသော်လည်း ဧရာဝတီတိုင်းတွင် ရွေး ကောက်ခံ ကိုယ်စားလှယ် ၁၄ ဦးခန့်က ခံဝန်ထိုး၍ နေထိုင်နေရသည်ဟု လွတ်တော် ကိုယ်စားလှယ် တစ်ဦး က ပြောသည်။

“မြောင်းမြက လက်ရှိ NLD ပါတီရဲ့ ရွေးကောက်ခံ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးနဲ့ ကိုယ်စား လှယ်ဟောင်း ဦးသန့်ဇော်ဝင်းတို့ နှစ်ယောက်ကတော့ သူတို့မြို့မှာပဲ ပိုနေမြဲ ကျားနေမြဲ နေ နေတာပဲ” ၎င်းက ဆက်ပြောသည်။

ဧရာဝတီတိုင်းတွင် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက ထုတ်ပေးနေသည့် နိုင်ငံရေး ပင်စင်လစာငွေ ထုတ်ယူနေသည့် NLD ပါတီက လွှတ်တော်ကိုယ် စားလှယ် ၁၈ ဦးခန့် ရှိနေသည်ဟုလည်း လွှတ်တော်ကိုယ်စား လှယ် အချို့၏ ပြောပြချက်များအရ သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...