မွန်ပြည်နယ် သထုံတွင် ရွာသား ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရ

မွန်ပြည်နယ် သထုံတွင် ရွာသား ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရ

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် KNU တပ်မဟာ ၁ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျေးရွာ ၄ ရွာက ဒေသခံ ၃ ထောင်ကျော် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ် နေသည်ဟု KNU က ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင် KNU ဗဟို၏ သတင်းထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် သုံးထောင်ကျော်မှာ အရေးအပေါ် အကူအညီ များလိုအပ်နေ သည်ဟု ဆိုသည်။

ဒေသခံတစ်ဦး က ”လက်နက်ကြီးတွေကိုကြောက်လို့ ထွက်ပြေးကြတာပါ။ တချို့ကတော့ ဒီနီးနီးနားပဲ ရှောင်နေ ကြတာပါ။ ဒီနားက ရွာတွေမှာရှိတဲ့ ဆွေမျိုးတွေအိမ်မှာ သွားနေတာတော့ များတယ်။ တချို့ကတော့ မြို့ပေါ် အထိကို တိမ်းရှောင်သွားကြတာလည်း ရှိတယ်” ဟု ပြောသည်။

သထုံမြို့နယ် ဝီယော်ကျေးနယ် အုပ်စုရှိ ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာနှင့် ထုံဘိုကြီး ကျေးရွာစသည့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၃ ထောင်ကျော်သည် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU က ပြောသည်။

ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ လက်ရှိတွင် နီးစပ်ရာ ကျေးရွာများရှိ ဆွေမျိုး များထံတွင် နေထိုင်နေသော်လည်း စားရေးသောက်ရေးနှင့် နေရေးထိုင်ရေးအတွက် အကူအညီများလို အပ်နေသည်ဟု ဆို သည်။

ကေအဲန် ယူ-သထုံမြို့နယ်မှ ခေါင်းဆာင်တစ်ဦးက စစ်ဘေးရှောင်များ၏ လိုအပ်မှုများနှင့် ပတ်သက်၍ “မိုးတွင်း ဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလုံ၊ အခြေခံအစား အစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ် လိုအပ်တယ်။ ခြင်လည်းပေါတော့ တုတ်ကွေးလည်း ကြောက်ရတယ်” ဟု KNU ဗဟို တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုးတွင်းကာလဖြစ်သည့်အတွက် မိုးကာများအပြင် ဆေးဝါးများပါ လိုအပ်နေသည်ဟု KNU ဗဟို က ထုတ်ပြန် ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU တပ်မဟာ ၁ သထုံခရိုင် အတွင်းတွင် စစ်ကောင်စီတပ်နှင့် KNU တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ဝီယော်ကျေးရွာတွင် စခန်းချ တပ်စွဲထားသည့် စစ်ကောင်စီ ခမရ အမှတ် (၉) တပ်စခန်းမှ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသည်မှာ ယနေ့ အချိန်အထိ ဖြစ်သည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...