ရွှေနန်းတင် ကွယ်လွန်

ရွှေနန်းတင် ကွယ်လွန်

တစ်ချိန်က မြန်မာ့ဇာတ်သဘင်လောကတွင် ထင်ရှားကျော်ကြားခဲ့ပြီး မန်းမြို့ဂုဏ်ဆောင် ဇာတ်မင်းသားကြီး ရွှေနန်းတင်သည် ကွယ်လွန်သွားပြီဟု ဆွေးမျိုးများထံမှ သိရသည်။

ဇာတ်မင်းသားကြီး ရွှေနန်းတင် ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

“ကျနော့် ဇနီးရဲ့ဖခင် ဇာတ်မင်းသားကြီး ဦးရွှေနန်းတင် ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ဘဝတစ်ပါးသို့ ကူး ပြောင်း ထွက်ခွာသွားပါပြီ“ ဟု သားမက်ဖြစ်သူ ဇာတ်ညွှန်းဆရာ အကယ်ဒမီ ငြိမ်းမင်းက ပြောသည်။ ဦးငြိမ်းမင်းမှာ ရွှေနန်းတင်၏ သမီးကြီးနန်းခင်အေး၏ခင်ပွန်းဖြစ်သည်။

မင်းသားကြီး ရွှေနန်းတင်သည် နန်းတော်ရှေ့ဆရာတင်၏ သားတစ်ဦးဖြစ်ပြီး ဇာတ်သဘင်လောကမှ နန်းခင်အေး၊ နန်းဝင်း၊ နန်းခင်မွှေးတို့၏ ဖခင်လည်း ဖြစ်သည်။

မြို့ဂုဏ်ဆောင် မင်းသားကြီး ရွှေနန်းတင် ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီဟု မိသားစုဝင်များက ဆိုသည်။

မင်းသားကြီး ရွှေနန်းတင်သည် မန္တလေးသား တစ်ဦးဖြစ်ပြီး သူ့ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရသည့် ဇာတ်သ ဘင်လောက အတွေ့အကြုံများနှင့် တိမ်မြုပ်ပျောက်ကွယ်‌နေ‌သည့် ဇာတ်စာ၊ ဇာတ်စကားတို့ကို ဖော်ပြထားသည့် “သဘင်သည်ဘဝ အတွေ့အကြုံ” စာအုပ်ကိုလည်း ၂၀၂၁ ခုနှစ်အတွင်း ထုတ်ဝေထားသည်ဟု သိရသည်။

နန်းတော်ရှေ့ ဆရာတင်၏ သားသမီးများအနက် ဇာတ်သဘင်လောကတွင် ရွှေမန်းညွန့်လှိုင်နှင့် ရွှေနန်းတင်တို့ နှစ်ဦးသည် ထင်ရှားကျော်ကြားသည့် မင်းသားများ ဖြစ်ကြသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...