ကုလအတွင်းရေးမှုးချုပ်၊ အမေရိကန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်နှင့် ပြင်သစ်သံရုံးထုတ်ပြန်ချက်များကို ကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

ကုလအတွင်းရေးမှုးချုပ်၊ အမေရိကန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်နှင့် ပြင်သစ်သံရုံးထုတ်ပြန်ချက်များကို ကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

ကုလအတွင်းရေးမှုးချုပ်၊ အမေရိကန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်နှင့် ပြင်သစ်သံရုံးထုတ်ပြန်ချက်များကို ကန့်ကွက်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ်အတည်ပြုချမှတ်ခြင်းအပေါ် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ အမေရိကန်အစိုးရပြောခွင့်ရပုဂ္ဂိုလ် နစ်ပရိုက်နှင့် ရန်ကုန်မြို့အခြေစိုက်ပြင်သစ်သံရုံးတို့က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ပြောကြားချက်များမှာ တာဝန်မဲ့ ထုတ်ပြန်ချက်များဖြစ်ကြောင်း၊ အကြမ်းဖက်မှုများကို အားပေးရာရောက်ကြောင်း အာဏာသိမ်းစစ်ကောင်စီကဆိုသည်။

ပြင်သစ်သံရုံးက တရားမဝင် စစ်အစိုးရဟု သုံးနှုံးခြင်းမှာ ရှိရင်းစွဲချစ်ကြည်မှုအပေါ် မကောင်းသည့်အကျိုး ဆက်ဖြစ်စေမည်ဟု စစ်ကောင်စီကဆိုသည်။

၎င်းတို့မှာ စစ်အစိုးရမဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုးကားပြီး စစ်ကောင်စီက ငြင်းချက်ထုတ်သည်။

ကန့်ကွက်ချက်များကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ကန့်ကွက်ထားသည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

သေဒဏ်ချမှတ်အတည်ပြုချက်မှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဟု ကုလအတွင်းရေးမှူးက ပြောကြားခဲ့သည်။

ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နစ်ပရိုက်က ပြောကြားသည်။

ပြင်သစ်သံရုံးကလည်း သေဒဏ်ချမှတ်ရန်အတည်ပြုခြင်းမှာ ရက်စက်ကြမ်းကြုတ်သော ဆုံးဖြတ်ချက်ဖြစ်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ တရားမဝင် စစ်အစိုးရ၏ အကြမ်းဖက်မှုများကိုသတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာပြည်သူများကို လေးစားကြောင်း ထုတ်ပြန်ခဲ့သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...