ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်း MOU လုပ်သား ၂၅၀၀ ကျော် စေလွှတ်ထား

ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်း MOU လုပ်သား ၂၅၀၀ ကျော် စေလွှတ်ထား

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၅၀၀ ကျော် စေလွှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကစပြီး MOU စနစ်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲကို စတင်စေလွှတ်ခဲ့တာဖြစ်ပြီး ဇွန်လ ၂ ရက်နေ့အထိစာရင်းအရ MOU လုပ်သား ၂၅၀၀ ကျော် စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်နဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် တွေကနေတစ်ဆင့် MOU စနစ်နဲ့ မြန်မာအလုပ်သမားတွေကို စေလွှတ်ခဲ့တာဖြစ်ပြီး မြဝတီ-မဲဆောက်နယ်စပ်ဂိတ်မှာတော့ MOU လုပ်သားအများဆုံး စေလွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်မှာ MOU လုပ်သား (၂၄၁၉)ဦးနဲ့ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်မှာ MOU လုပ်သား (၁၁၀)ကို ထိုင်းနိုင်ငံထဲက ကုမ္ပဏီနဲ့ အလုပ်ရုံတွေကို စေလွှတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားသံအရာရှိရုံးက ဇွန် ၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ်ဂိတ်နှစ်ခုကနေ MOU လုပ်သားတွေ တရားဝင်စေလွှတ်နေပေမယ့် တဖက်မှာလည်း ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုဟာ များပြားနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားဦးရေ ၁၀၀၀၀ နီးပါးကို ထိုင်းနယ်ခြားစောင့်တပ်ရဲ့ အစီရင်ခံမှုတွေအရ သိရပါတယ်။

MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းကနေ လာရောက်တဲ့လုပ်ငန်းစဉ်တွေမှာ ကြန့်ကြာမှုတွေ ရှိနေတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တရားမဝင်လမ်းကြောင်းဖြစ်တဲ့ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို ပိုမိုရွေးချယ်နေကြတာ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...