စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် အငြိမ်းစားပေးခံရ

စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် အငြိမ်းစားပေးခံရ

စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ဇွန် ၃ ရက်နေ့မှာ အငြိမ်းစားပေးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ မကွေးတိုင်းစစ်ဆင်ရေးမှာ အောင်မြင်မှု မရတာနဲ့အတူ ကုမ္ပဏီတွေဆီက ငွေကြေး ယူဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အငြိမ်းစားပေးလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို အငြိမ်းစား မပေးခင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ အကျယ်ချုပ်နဲ့ တစ်လကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် အခုလို အငြိမ်းစား ပေးလိုက်တာဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၉) သင်တန်းဆင်း ဖြစ်ပြီး အာဏာမသိမ်းခင်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေမှာ တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ အာဏာသိမ်း ပြီးနောက် ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့မှာ တာဝန်ကနေ အနားပေးခံခဲ့ရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...