စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် နတ်မြောင်းကျေးရွာနေ (၅)နှစ်အရွယ်ကလေးငယ်အပါအဝင်(၄)ဦးခန့်ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် နတ်မြောင်းကျေးရွာနေ (၅)နှစ်အရွယ်ကလေးငယ်အပါအဝင်(၄)ဦးခန့်ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းကျေးရွာအား မေလ(၃၁)ရက်နေ့ မွန်းလွှဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် နတ်မြောင်းကျေးရွာနေ (၅)နှစ်အရွယ်ကလေးအပါအဝင် (၄)ဦးခန့်ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ဒေသခံပြည်သူများ၏ပြောကြားချက်အရသိရသည်။

“စစ်ကောင်စီတပ်တွေက ထိုမာဘက်ကနေ စစ်အင်အား (၂၀၀)လောက်နဲ့ တောင်ဘက်အတိုင်း စစ်ကြောင်းထိုးလာတယ်၊ နတ်မြောင်းရွာ မရောက်ခင်ရွာထဲကို လက်နက်ကြီးနဲ့လှမ်းပစ်လိုက်တာ၊ ဘုန်းကြီးကျောင်း မုဒ်အဝင်ဝနားမှာ ဈေးရောင်းနေတဲ့ ကလေးနဲ့ သူ့တို့မိသားစုဝင်တွေ ဗုံးစတွေမှန်တာ၊ ကလေးက အခြေအနေမကောင်းဘူးဗျ၊ စစ်ရှောင်တွေကိုကူညီပေးတဲ့ဆရာတော်နဲ့တိုင်ပင်ပြီး ကလေးမြို့ဖက်ကို ဆေးကုနိုင်ဖို့စီစဉ်နေတယ် ”ဟု ဒေသခံတစ်ဦးက ပြောပါသည်။

စစ်ကောင်စီတပ်များ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်လိုက်မှုကြောင့် နတ်မြောင်းကျေးရွာ စစ်ရှောင်စခန်းအနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် စစ်ဘေးရှောင်ပြည်သူတစ်ချို့လဲ ထိတ်လန့်ကာ တောထဲတွင် ထွက်ပြေးကြပြီး ယခုလက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  နတ်ချောင်းကျေးရွာတွင် စခန်းချနေထိုင်ကြပြီး အဆိုပါကျေးရွာအားမီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံပြည်သူများ၏ ပြောကြားချက်အရသိရသည်။

“ နတ်ချောင်းရွာကို မနေ့ညနေ ကတည်းက မီးရှို့တာ (၈)အိမ်ကျော်လောက်ရှိမယ်ထင်တယ်၊ ဒီမနက်မှာတော့ မီးငြိမ်းသွားပြီ၊ ဒါပေမယ့် ရွာထဲမှာ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတော့ ရွာထဲကိုမဝင်ရဲသေးဘူး”ဟု နတ်ချောင်းဒေသခံပြည်သူတစ်ဦးကအခုလိုပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား စစ်ရေးတင်းမာလျက်ရှိပြီး မေလ(၂၈)ရက်မှ(၃၁)ရက်နေ့အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ (၄)ဦးခန့်သေဆုံးပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သုံးအိမ်စုကျေးရွာနေ စိတ်ကျန်းမာရေးချို့ယွင်းနေသူ ပြည်သူ(၁)ဦးကို ပစ်သတ်ခဲ့ကြောင်း PDF-Kalayက မေလ(၃၁)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...