မွန်ပြည်နယ်မှာ ကျောင်းအပ်ထားသူ ၃ သိန်းကျော် ရှိတယ်လို့ စစ်ကောင်စီ ပြော

မွန်ပြည်နယ်မှာ ကျောင်းအပ်ထားသူ ၃ သိန်းကျော် ရှိတယ်လို့ စစ်ကောင်စီ ပြော

မွန်ပြည်နယ်မှာ အခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံထားတဲ့ ကျောင်းသူ၊ကျောင်းသား သုံးသိန်းတစ်သောင်း ကျော်ရှိတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဇွန် ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ကျောင်းအပ်နှံမှုအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

မွန်ပြည်နယ်ရဲ့ ကျောင်းအပ်နှံမှု အခြေအနေဟာ မေ ၂၆ ရက်ကနေ ၃၁ ရက်နေ့အထိ ကျောင်းသူ၊ကျောင်းသား သုံးသိန်းတစ်သောင်း ကျော် လာရောက် အပ်နှံထားပြီး ပြီးခဲ့တဲ့ ပညာသင်နှစ်ထက် ခုနှစ်သောင်းကျော် ပိုလာတယ်လို့ ဆိုပါတယ်။

နိုင်ငံအတိုင်းအတာအရ ကျောင်းအပ်နှံထားသူ ၅၂ သိန်း ရှိပြီး ဧရာဝတီတိုင်းက ကိုးသိန်းတစ်သောင်းကျော်နဲ့ အများဆုံး လာရောက် အပ်နှံထားပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာတော့ ကျောင်းအပ်မှု အခြေအနေ သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ကျောင်းနေရွယ်ကလေးတွေကို KG တန်းကနေ အခြေခံပညာအလယ်တန်းအထိ ပြီးဆုံးအောင် ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  အလယ်တန်းအဆင့်ပြီးဆုံးမှသာ သက်ဆိုင်ရာ အသက်မွေးပညာသင်ကြားတဲ့ကျောင်းတွေမှာ ဆက်လက် သင်ကြားနိုင်မှာ ဖြစ်ကြောင်းနဲ့ သတ်မှတ်အရည်အချင်းပြည့်မှီပါက အဆင့်မြင့်ပညာတွေ ဆက်လက် သင်ယူနိုင်မယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...