မွန်ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု ဇွန်လ ဒုတိယအပတ်မှာ အမိန့်ချမှတ်ဖို့ ရှိနေ

မွန်ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု ဇွန်လ ဒုတိယအပတ်မှာ အမိန့်ချမှတ်ဖို့ ရှိနေ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးအမှုအတွက် ဇွန်လဒုတိယအပတ်မှာ အပြီးသတ် အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) မှုအတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ မေ ၃၁ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

အခုရုံးချိန်းမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တင်သွင်းထားတဲ့ တရားခံ သက်သေပြမလာတဲ့ အတွက် တရားခံပြ သက်သေကို ပယ်ဖျက်ပြီး လာမယ့် ရုံးချိန်းကို ဇွန်လ ၇ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။

လာမယ့် ရုံးချိန်းမှာတော့ နှစ်ဖက်လျှောက်လဲချက် ပေးသွားမှာ ဖြစ်ပြီး အပြီးသတ်အမိန့်ကို ဇွန်လ ဒုတိယအပတ်မှာ ချမှတ်သွားဖို့ ရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုတွေကိုတော့ စစ်ကောင်စီ မော်လမြိုင် ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေ တာဖြစ်ပြီး ပုဒ်မ ၁၇၁ (စ) အမှုတွေကိုတော့ ပယ်ဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်ကို တင်သွင်းထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့ထားရသလို ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ရှိပြီး ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...