ပလက်ဝတွင် တိုက်ပွဲဖြစ်ပွားရာအနီးရှိကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ကို စစ်တပ်ကခေါ်သွား၍ မိသားစု စိုးရိမ်

ပလက်ဝတွင် တိုက်ပွဲဖြစ်ပွားရာအနီးရှိကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ကို စစ်တပ်ကခေါ်သွား၍ မိသားစု စိုးရိမ်

ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ပတ်ဝန်းကျင်အနီးရှိ အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးတို့ကို မေလ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ခေါ်ဆောင်ခံရသူများမှာ အဘောင်သားကျေးရွာမှ အုပ်ချုပ်‌ရေးမှူး ဦးသာထွန်းအောင်နှင့် ဆယ်အိမ်မှူး များဖြစ်ကြသည့် ဦးအောင်ထွန်း၊ ဦးသာနီအောင်တို့ဖြစ်ကြသည်။ ခေါ်ဆောင်ခံရသူများနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေး၍ မိသားစုဝင်များစိုးရိမ်နေကြသည်ဟု ၎င်းကျေးရွာသားတစ်ဦးက DMG ကို ပြောသည်။

“သူတို့ကို စစ်ဆေးဖို့ခေါ်သွာတာလို့တော့ ပြောပါတယ်။ လောလောဆယ် သူတို့ကို ဖုန်းခေါ်လို့မရဘူး၊ စက်ပိတ်ထားတယ်။ ရွာကိုတော့ ပြန်ပြီးမရောက်သေးဘူး။ ၂၈၉ တပ်ရင်းကိုခေါ်သွားတာလို့တော့ သတင်းကြားထားတယ်”ဟု ၎င်းကျေးရွာသားကဆိုသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာစဉ် ၎င်းတို့သုံးဦးကို ခေါ်သွားခြင်းဖြစ်ပြီး ပလက်ဝမြို့အခြေစိုက် ခလရ(၂၈၉)တပ်ရင်းသို့ ခေါ်သွားသည်ဟုယူဆကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့နဲ့အဆက်အသွယ်တော့ မရကြသေးပါ။ ဖုန်းတွေအားလုံး ပိတ်ထားတယ်။ သူတို့မှာ ဖုန်းပါသွားတယ်။ စစ်သားတွေ တိုက်ပွဲပြီးလို့ လူနာတွေကိုပြန်ယူရင်းနဲ့ သူတို့ကို တပါတည်းခေါ်သွားတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ(၂၈၉)မှ လက်နက်ကြီးပစ်ကူများပေးခဲ့သည်ဟု ဒေသခံများကပြောဆိုသည်။

ရက္ခိုင့်တပ်တော်သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍများကို လုပ်ဆောင်နေသောကြောင့် မြန်မာစစ်တပ်ဘက်ကလည်း တစ်ရွာဝင်တစ်ရွာထွက် အင်အားပြလှုပ်ရှားလျက်ရှိကာ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အဖွဲ့ဝင်များကို ရှာဖွေမှုများလည်း ရှိနေသည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...