စစ်တွေမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အာမခံဖြင့်လွတ်လာပြီး လေးရက်အကြာတွင် ပြန်အဖမ်းခံရ

စစ်တွေမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အာမခံဖြင့်လွတ်လာပြီး လေးရက်အကြာတွင် ပြန်အဖမ်းခံရ
စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းရှေ့တွင် ရဲတပ်ဖွဲ့ယာဉ်တန်းအား တွေ့ရစဉ်
စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းရှေ့တွင် ရဲတပ်ဖွဲ့ယာဉ်တန်းအား တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ သစ်တောဥပဒေဖြင့် အမှုဖွင့်ခံရပြီး အာမခံဖြင့် လွတ်လာခဲ့သော်လည်း လေးရက်အကြာတွင် ပြန်အဖမ်းခံလိုက်ရသည်ဟု မိသားစုဝင်များကပြောသည်။

ဘောဒူပ(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကို ယခုအကြိမ်တွင် မည်သည့်ကိစ္စကြောင့်ဖမ်းဆီးထားသည်ကို မသိရသေးကြောင်းနှင့် တွေ့ခွင့်လည်း မရရှိသေးကြောင်း မိသားစုဝင်များကဆိုသည်။

“အဲဒီနေ့က သူတို့ကိုရဲစခန်းကခေါ်တယ်။ အုပ်ချုပ်ရေးမှူးနှစ်ယောက်စလုံးပါ။ သူတို့ကို နောက်ထပ်စစ်ဆေးစရာ ရှိတယ်ဆိုပြီး၊ အဲဒီနေ့ကစပြီးတော့ ပြန်မလွတ်တော့ဘူး။ မိသားစုနဲ့လည်းတွေ့ခွင့်မရဘူး။ ဘာဖြစ်လို့ ပြန်ဖမ်းလဲဆိုတာလည်း မသိရသေးဘူး”ဟု ဘောဒူပကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီ၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ဦးထွန်းလှစိန်တို့ကို ယခုမေလဆန်းပိုင်းတွင် အခြားကျေးရွာသား အချို့နှင့်အတူ ဖမ်းဆီးခဲ့သည်။ ထို့နောက် အခြားကျေးရွာသားများကို ပြန်လွှတ်ပေးကာ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထားခဲ့သည်။ ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်ကိုဖမ်းဆီးစဉ် နေအိမ်ရှိသစ်စက်၌ ပုံထားသောသစ်များကို ရဲနှင့်စစ်တပ်ကသိမ်းယူခဲ့ကြောင်း မိသားစုထံမှသိရသည်။

မေလ ၂၀ ရက်နေ့တွင် ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို သစ်တောဥပဒေပုဒ်မ-၄၁(က)ဖြင့် အမှုဖွင့်လှစ်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သို့သော် မေလ ၂၄ ရက်နေ့တွင် စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှခေါ်၍ သွားရောက်ခဲ့ရာ ယနေ့အထိ ပြန်မရောက်လာသေးခြင်းဖြစ်သည်။

အဆိုပါကျေးရွာအုပ်ချုပ်ရေးနှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...