သန်လျင်မှာ ဆိုင်ကယ်တက္ကဆီ မောင်းနှင်ခွင့်အတွက် စစ်ကောင်စီက ငွေကြေးတောင်းခံလာ

သန်လျင်မှာ ဆိုင်ကယ်တက္ကဆီ မောင်းနှင်ခွင့်အတွက် စစ်ကောင်စီက ငွေကြေးတောင်းခံလာ

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ချုပ်ရေးမှူးတွေက ဆိုင်ကယ်ကယ်ရီသမားတွေအနေနဲ့ ဆိုင်ကယ်ပြန်မောင်းချင်ရင် တစ်ဦး ကျပ် ၁၂၀၀၀ နှုန်း ပေးဆောင်ဖို့ ငွေကြေးတောင်းခံလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ချုပ်ရေးမှူးတွေက ဆိုင်ကယ်ကယ်ရီသမားတွေအနေနဲ့ ဆိုင်ကယ်ပြန်မောင်းချင်ရင် လိုင်စင်ကြေး ကျပ် ၆၀၀၀ ၊ တူညီဝတ်စုံကြေး ကျပ် ၆၀၀၀ ၊ စုစုပေါင်း ကျပ် ၁၂၀၀၀ ပေးဆောင်ဖို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဆိုင်ကယ်တက္ကဆီသမားတွေကို တစ်ဦး ငွေကျပ် ၁၂၀၀၀ နှုန်း ပေးဆောင် ဖို ညွှန်ကြားလာပေမယ့် မေလ ၂၅ ရက်နေ့ထိ ဘယ်ဆိုင်ကယ်တက္ကဆီသမားတွေမှ လုပ်ငန်း ပြန်စတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သန်လျင်မြို့ လမ်းမဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ကားပေါ်တင်ယူဆောင်သွားတာတွေရှိတယ်လို့ မျက်မြင်ပြည်သူတွေက ဆိုပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီခန့် အုပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန်တွေကို မြို့ပြပြောက်ကျားအဖွဲ့တွေက ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်နေတဲအတွက်ကြောင့် ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆိုင်ကယ်မြို့အဖြစ် လူသိများနေတဲ့ သန်လျင်မြို့ရဲ့ ဒေသခံပြည်သူတွေဟာ နေ့တဓူဝ လုပ်ငန်းဆောင်တာတွေကို ဆိုင်ကယ်စီးနင်းပြီး သွားလာလုပ်ကိုင်နေကြတာ ဖြစ်ပြီး စစ်ကောင်စီက အခုလို ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထားလို့ သွားရေးလာရေးအတွက် ပိုမို ဒုက္ခကြုံနေရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...