ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၂၀၂၂ နှစ်ကုန်အထိ စဉ်းစားမည်မဟုတ်ကြောင်း SNLDဆို

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၂၀၂၂ နှစ်ကုန်အထိ စဉ်းစားမည်မဟုတ်ကြောင်း SNLDဆို

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၂၀၂၂ခုနှစ် နှစ်ကုန်သည်အထိ ပါတီအတွင်း ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDက ဆိုသည်။

လာမည့်၂၀၂၃ခုနှစ် ဩဂုတ်လတွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး အာဏာပြန်လွှဲပေးမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မွန်ပြည်သစ်ပါတီခေါင်းဆောင်များနှင့် မေလ၂၃ရက်နေ့က တွေ့ဆုံခဲ့သည့် အချိန်တွင် ပြောကြားခဲ့သည်။

စစ်ကောင်စီ၏ရွေးကောက်ပွဲကျင်းပမည့်အပေါ်တွင် “CECက ပြီးခဲ့တဲ့ အာဏာမသိမ်းခင်တည်းက ရွေးကောက်ပွဲနဲ့အသံတွေ ထွက်လာတည်းက ကျနော်တို့က၂၀၂၂နှစ်ကုန်တဲ့အထိ ရွေးကောက်ပွဲ အကြောင်းဆွေးနွေးမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ရှိထားပါတယ်။ ဆွေးလည်းဆွေးနွေးမှာမဟုတ်ဘူး” ဟု SNLDပြောရေးဆိုခွင့်ရှိ သူစိုင်းကျော်ညွန့်က မဇ္ဈိမသို့ပြောသည်။

၂၀၂၀ ပြည့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်များကို ပယ်ဖျက်ကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ခုနှစ် ဇူလိုင် လ ၂၆ ရက်နေ့က ကြေညာခဲ့သည်။

ထိုသို့ ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်မှုမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်နေသလို တရားမျှတမှုမရှိသဖြင့် လက်မခံနိုင်ကြောင်း SNLDက သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသားပါတီများထဲတွင် SNLDမှာ မဲအများဆုံးရရှိခဲ့သော တိုင်းရင်းသားပါတီတစ်ခု ဖြစ်သည်။

ထိုသို့ပြည်သူလူထုက ထောက်ခံထားသည့် ပါတီတစ်ခုကို စစ်ကောင်စီလက်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်က SNLDကို လာမည့်ဇွန်လ၃၀ရက်နေ့နောက်ဆုံးထားပြီး ငွေစာရင်းစစ်ဆေးခံရန် ချိန်းဆိုထားသည်။

ထိုသို့ချိန်းဆိုထားသော်လည်း ပါတီအနေဖြင့် သွားရောက်စစ်ဆေးခံမည်မဟုတ်ဘဲ ၎င်းတို့၏ ပါတီရုံးချုပ်ရှိရာသို့သာ လာရောက်စစ်ဆေးရန် ပြောကြားထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...