မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေမှာ ရိုဟင်ဂျာလူမျိုးတွေအပါအဝင် လူသေအလောင်းတွေ တွေ့ရှိ

မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေမှာ ရိုဟင်ဂျာလူမျိုးတွေအပါအဝင် လူသေအလောင်းတွေ တွေ့ရှိ

မြန်မာနိုင်ငံရဲ့ ကမ်းခြေတစ်ခုပေါ်မှာ လူ(၁၄) ဦးရဲ့ ရုပ်အလောင်းတွေသောင်တင်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက AFP သတင်းဌာနကို မေလ(၂၄) ရက်နေ့က ပြောခဲ့ပြီး သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာကလေးငယ်တွေပါဝင်နေတယ်လို့ UNHCR က ပြောပါတယ်။

UNHCR ရဲ့ ပြောဆိုချက်ထဲမှာ အနည်းဆုံးလူ(၁၇) ဦး လှေမှောက်ပြီး နောက်မှာ အသက်ဘေးကြုံတွေ့ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။

ကယ်ဆယ်ရးအဖွဲ့တစ်ခုကတော့ အဲ့ဒီလှေဟာ မလေးရှားနိုင်ငံကို ထွက်ခွါဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“လူ ၁၄ ဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တယ် ပြီးတော့ လှေပိုင်ရှင်တွေအပါအဝင် လူပေါင်း ၃၅ ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်” လို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ပြောခွင့်ရ ဒုဗိုလ်မှူးကြီး ထွန်းရွှေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိတိကျကျမသိရသေးပေမယ့် လှေဟာ မြန်မာနိုင်ငံ အနောက်ဘက် စစ်တွေက မေလ(၁၉) ရက်နေ့က ထွက်ခွါခဲ့တာဖြစ်ပြီး ရေတက်တာတွေနဲ့ကြုံတွေ့ခဲ့ရပြီးနောက် (၂) ရက်အကြာမှာ လှေမှောက်သွားတာဖြစ်တယ်လို့ UNHCR က ပြောခဲ့ပါတယ်။

အမည်မဖော်လိုသူ ကယ်ဆယ်ရေးအသင်း အဖွဲ့ဝင်တစ်ဦးက တနင်္ဂနွေနေ့မှာ လူသေအလောင်း (၈) လောင်းကို ပုသိမ်းမြို့က (၃) နာရီကြာသွားရတဲ့ နေရာမှာရှိတဲ့ ကမ်းခြေပေါ်မှာ တွေ့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူရဲ့ AFP သတင်းဌာနကို ပြောဆိုထားတာတော့ အမျိုးသမီး (၁၂) ဦးနဲ့အမျိုးသား(၂) ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလှေဟာ ဘူးသီတောင်၊မောင်တော၊စစ်တွေ အစရှိတဲ့ မြန်မာနိုင်ငံအနောက်ဘက် မြို့တွေက လူတွေကို ခေါ်ယူသွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေ က ကယ်ဆယ်ရေးအဖွဲ့တွေကို ပြောဆိုခဲ့ရာမှာတော့ လှေပေါ်ပါသူ (၆၁) ဦးသာရှိနေသးပြီး (၁၂) ဦးပျောက်ဆုံးနေသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကယ်ဆယ်ထားတဲ့ လူတွေကို ပုသိမ်မြို့မရဲစခန်းမှာ ထားရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ထွန်ရွှေက ပြောပါတယ်။

ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အပြစ်ဒဏ်ပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ ပေမယ့် တုံ့ပြန်ဖြေဆိုတာတော့မရှိခဲ့ပါဘူး။

“မြန်မာနိုင်ငံနှင့် ဒေသအတွင်း ဖြစ်ပ‌ွားခဲ့သော နောက်ဆုံးအဖြစ်ဆိုးက ရိုဟင်ဂျာလူမျိုး တွေအတွက် စိုးရိမ်ဖွယ်ကောင်းတဲ့ အဓိပ္ပါယ်မျိုးကို တဖန်ပြန်လည်ပြန်လည် ပြသ‌ နေခြင်းဖြစ်ပါတယ်”လို့ UNHCR အာရှပစိဖိတ်ဒါရိုက်တာ အင်ဒရီကာ ရတ်ဝတ်တီ က ပြောခဲ့ပါတယ်။

Ref: CNA

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...