နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်း နီပါးထိ ရှိလာ

နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်း နီပါးထိ ရှိလာ

နိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာ အခုနှစ် မေလဆန်းပိုင်းထိ တစ်သန်းနီးပါး ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

(UNOCHA) အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ အခုနှစ် မေလဆန်းပိုင်းထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၅၉၀၀၀၀ ကျော်ထိ ရှိလာပြီး အာဏာမသိမ်းခင် နေရပ်စွန့်ခွာနေရသူ ၃၄၆၀၀၀ ကျော်နဲ့ ပေါင်းလိုက်ရင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၉၃၇၀၀၀ နီးပါးထိ ရှိလာတယ်လို့ ဆိုထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ လုံခြုံမှု မရှိတော့တဲ့ အခြေအနေတွေ ကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ် ၊ကရင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီးတွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂၅၀၀၀ နီးပါးထိ ရှိလာခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တို့မှာ တပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁၃၀၀၀ ကျော်ထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ပုလောမြို့နယ်မှာလည်း တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအကြား တိုက်ပွဲတွေဖြစ်လို့ လူ ၁,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...