ကျောက်တော် မဟာမုနိဘုရားတွင်တပ်စွဲထားသည့်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်မဲ့ထွက်ပြေး၊ ၁ ဦး AA သို့အလင်းဝင်ရောက်

ကျောက်တော် မဟာမုနိဘုရားတွင်တပ်စွဲထားသည့်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်မဲ့ထွက်ပြေး၊ ၁ ဦး AA သို့အလင်းဝင်ရောက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားပေါ်တွင် တပ်စွဲ နေထိုင်သည့်စစ်တပ်မှလက်နက်မဲ့ ထွက်ပြေးသွားသော စစ်သား ၃ ဦးအနက် ၁ ဦးသည် ရက္ခိုင့်တပ်တော် (AA) ထံသို့ အလင်းဝင်ရောက်လာသည်ဟု သိရသည်။

အလင်းဝင်ရောက်လာသူမှာ ရှမ်းပြည်နယ် ကလောမြို့ အခြေစိုက် တပ်မ (၅၅)မှ ကိုယ်ပိုင်အမှတ် (၄၃၇/၂၁၅)ဖြစ်သူ ဒုတပ်ကြပ် ကံကောင်း (၃ဝ နှစ်)ဖြစ်သည်။

ထို့ဒုတပ်ကြပ် သည် နောက်ထပ် စစ်သား ၂ ဦးနှင့်အတူ ပြီးခဲ့သည့်မေလ ၂၂ ရက် နေ့လယ် ၁ နာရီခန့်တွင် မဟာမုနိဘုရားပေါ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အနီးအနားရှိ AA တပ်စခန်းတစ်ခုသို့ သူတစ်ဦးတည်း အလင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မျက်မြင်တစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ဘာကြောင့်ထွက်ပြေးလာတာလဲမေးတော့ တပ်ထဲမှာမနေချင်တော့ဘူးတဲ့။ ဘာဖြစ်လို့ မနေချင်တော့တာလဲ မေးတော့ တပ်မှာ မူမမှန်တော့ဘူးလို့ ပြောတယ်”ဟု ပြောသည်။

ထို့သူသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးကျေးရွာမှဖြစ်ပြီး ရခိုင်သို့ တာဝန်ကျနေသည်မှာ ၃ လရှိပြီဖြစ်ကာ မဟာမုနိဘုရားပေါ်တွင် တာဝန်ကျနေသည်မှာ ၁ လသာ ရှိသေးသည်ဟု သိရသည်။

လက်ရှိတွင် ထို့သူကို AA တပ်စခန်းတွင် မေးမြန်းစစ်ဆေးနေပြီး အချိန်အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားမည်ဟုလည်း သိရသည်။

သူနှင့်အတူထွက်ပြေးခဲ့သည့် နောက်ထပ် စစ်သား ၂ ဦးမှာ မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကို မသိရဟုလည်း ဒေသခံများက ပြောသည်။

ထို့စစ်သား ၃ ဦးထွက်ပြေးစဉ်တွင် လက်နက်များယူဆောင်၍ထွက်ပြေးလျှင် အဆင်မပြေနိုင်သောကြောင့် မည်သည့်လက်နက်မျှယူဆောင်ခဲ့ခြင်းမရှိဟုလည်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...