ကျောက်တော် မဟာမုနိဘုရားတွင်တပ်စွဲထားသည့်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်မဲ့ထွက်ပြေး၊ ၁ ဦး AA သို့အလင်းဝင်ရောက်

ကျောက်တော် မဟာမုနိဘုရားတွင်တပ်စွဲထားသည့်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက်မဲ့ထွက်ပြေး၊ ၁ ဦး AA သို့အလင်းဝင်ရောက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားပေါ်တွင် တပ်စွဲ နေထိုင်သည့်စစ်တပ်မှလက်နက်မဲ့ ထွက်ပြေးသွားသော စစ်သား ၃ ဦးအနက် ၁ ဦးသည် ရက္ခိုင့်တပ်တော် (AA) ထံသို့ အလင်းဝင်ရောက်လာသည်ဟု သိရသည်။

အလင်းဝင်ရောက်လာသူမှာ ရှမ်းပြည်နယ် ကလောမြို့ အခြေစိုက် တပ်မ (၅၅)မှ ကိုယ်ပိုင်အမှတ် (၄၃၇/၂၁၅)ဖြစ်သူ ဒုတပ်ကြပ် ကံကောင်း (၃ဝ နှစ်)ဖြစ်သည်။

ထို့ဒုတပ်ကြပ် သည် နောက်ထပ် စစ်သား ၂ ဦးနှင့်အတူ ပြီးခဲ့သည့်မေလ ၂၂ ရက် နေ့လယ် ၁ နာရီခန့်တွင် မဟာမုနိဘုရားပေါ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အနီးအနားရှိ AA တပ်စခန်းတစ်ခုသို့ သူတစ်ဦးတည်း အလင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မျက်မြင်တစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ဘာကြောင့်ထွက်ပြေးလာတာလဲမေးတော့ တပ်ထဲမှာမနေချင်တော့ဘူးတဲ့။ ဘာဖြစ်လို့ မနေချင်တော့တာလဲ မေးတော့ တပ်မှာ မူမမှန်တော့ဘူးလို့ ပြောတယ်”ဟု ပြောသည်။

ထို့သူသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကုန်းကြီးကျေးရွာမှဖြစ်ပြီး ရခိုင်သို့ တာဝန်ကျနေသည်မှာ ၃ လရှိပြီဖြစ်ကာ မဟာမုနိဘုရားပေါ်တွင် တာဝန်ကျနေသည်မှာ ၁ လသာ ရှိသေးသည်ဟု သိရသည်။

လက်ရှိတွင် ထို့သူကို AA တပ်စခန်းတွင် မေးမြန်းစစ်ဆေးနေပြီး အချိန်အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားမည်ဟုလည်း သိရသည်။

သူနှင့်အတူထွက်ပြေးခဲ့သည့် နောက်ထပ် စစ်သား ၂ ဦးမှာ မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကို မသိရဟုလည်း ဒေသခံများက ပြောသည်။

ထို့စစ်သား ၃ ဦးထွက်ပြေးစဉ်တွင် လက်နက်များယူဆောင်၍ထွက်ပြေးလျှင် အဆင်မပြေနိုင်သောကြောင့် မည်သည့်လက်နက်မျှယူဆောင်ခဲ့ခြင်းမရှိဟုလည်း သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...