မြန်မာ့ဒီမိုကရေစီအရေးအတွက် အချက် ၅ ချက်အား Quad အဖွဲ့ထံ NUG တောင်းဆို

မြန်မာ့ဒီမိုကရေစီအရေးအတွက် အချက် ၅ ချက်အား Quad အဖွဲ့ထံ NUG တောင်းဆို

မြန်မာ့ဒီမိုကရေစီအရေးအတွက် အချက် ငါးချက်အား Quad အဖွဲ့ထံ NUG အစိုးရက တောင်းဆိုလိုက်သည်။

တောင်းဆိုသည့်အချက်များမှာ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် သည်းမခံရန်၊ စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာ ပြစ်မှုများနှင့် စပ်လျဉ်း၍ ကျူးလွန်သူများအား အရေးယူရန်၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကပ်ဆိုးကြီးကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ပေးနိုင်ရန်၊ စစ်ကောင်စီထံ လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကို Quad ၏ အခွင့်အာဏာကို အသုံးချ၍ ကန့်သတ်ပေးရန်၊ စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုမှ လွတ်ကင်းသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အား မြန်မာပြည်သူတို့၏ လက်ဝယ်တွင်သာ တည်ရှိနိုင်ရန်တို့ဖြစ်သည်။

Quad အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၁ ရက်တွင် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။

ယင်းသို့ ထုတ်ပြန်အပြီး သုံးလကြာခဲ့သော်လည်း မြန်မာ့အကြပ်အတည်းမှာ လျော့ပါးခြင်းမရှိကြောင်း၊ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မတရားဖမ်းဆီးချုပ်နှောင်မှုများသည် ရပ်တန့်သွားခြင်းမရှိဟု NUG ကဆိုသည်။

အာဏာသိမ်းကာလအတွင်း အပြစ်မဲ့ပြည်သူ ဦးရေပေါင်း ၆၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသဖြင့် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများသည် ကမ္ဘာ့အရေးတစ်ခု ဖြစ်ရန် လိုအပ်သည်ဟု NUG ကထောက်ပြသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ၏ တောင်းဆိုချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ ဝတ္တရားများကို မထီမဲ့မြင်ပြုကာ ကျူးလွန်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု NUG ကဆိုသည်။

ယင်းကြောင့် မြန်မာပြည်သူများအတွက်သာမက ဒေသတွင်း လုံခြုံရေးအတွက် Formal working group တစ်ခုအား အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း NUG က ထုတ်ပြန်သည်။

Quad အဖွဲ့တွင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားပြီး စစ်ရေးလေ့ကျင့်မှုများနှင့် စီးပွားရေးကိစ္စရပ်များကို ပူးတွဲလုပ်ဆောင်နေခြင်းဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...