ရခိုင်တွင် ပဋိပက္ခများနှင့်တိုက်ပွဲများကြောင့်ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကို ယခုနှစ်တွင်လည်းဖွင့်လှစ်နိုင်မည်မဟုတ်ဟုဆို

ရခိုင်တွင် ပဋိပက္ခများနှင့်တိုက်ပွဲများကြောင့်ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကို ယခုနှစ်တွင်လည်းဖွင့်လှစ်နိုင်မည်မဟုတ်ဟုဆို

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့်ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း ၁၂၂ ကျောင်းကို ယခုနှစ် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အတွင်းတွင်လည်း ဖွင့်လှစ်နိုင်မည်မဟုတ်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါကျောင်းများထဲတွင် ၂ဝ၁၇ ခုနှစ်က မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပိတ်ထားခဲ့ရသည့် ကျောင်းများလည်း ပါဝင်ပြီး ၂ဝ၁၈ ခုနှစ်နောက်ပိုင်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ရသေ့တောင်နှင့် ကျောက်တော် မြို့နယ်အတွင်း ပိတ်ထားခဲ့ရသည့်ကျောင်းများလည်း ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရ ဉ္စရာကိုပြောသည်။

“ဥပမာ ရသေ့တောင်က ကျောက်တန်းတို့၊ ရေစိုးချောင်းတို့ အဲဒါတွေလည်း ဖွင့်မှာမဟုတ်ဘူးဒီနှစ်မှာ။ ကျောက်တော်မြို့နယ်မှာလည်း ပါမယ်လေ။ ဥပမာ တင်းမတို့ဘာညာတို့ဆိုရင်လည်း ရွာမှာက လူတွေမရှိသေးတော့။ ပြိုင်းတိုင်းတို့၊ တင်းမတို့ အဲဒါတွေလည်း ပါမယ်။ အားလုံးစုစုပေါင်းကတော့ ၁၂၂ ကျောင်းရှိမယ်။ ပိတ်ထားတယ်ယာယီ”ဟု ပြောသည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ အထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၃၁၈၈ ကျောင်းကို ဖွင့်လှစ် သွားမည်ဟု ဆိုသည်။

ယင်းအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၅ဝ ကိုလည်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

ယခုပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများကို လာမည့် ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပြီး လာမည့် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံနိုင်ပြီဟုလည်း သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...