သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကွယ်လွန်

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကွယ်လွန်

NLDအစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှာ ယနေ့ မေလ ၂၃ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း နီးစပ်သူများထံက သိရသည်။

"သူ့မိသားစုဝင်တစ်ယောက်ကတော့ သွေးတိုးပြီး ဦးနှောက်သွေးကြောပြတ်တာလို့ ပြောတယ်ခင်ဗျ။ အဲ့ဒီလို Heart attack (နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခြင်း) လည်း ကြားနေတယ်။ရုတ်တရက်ကလည်း အဲ့ဒီ နှစ်မျိုးပဲရှိတာဆိုတော့"ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ဦးဇော်ဌေးသည် ယနေ့ မနက်ပိုင်းက နှလုံးရောဂါကြောင့် နေပြည်တော် ကုတင် ၁၀၀၀ဆေးရုံသို့ ပို့ဆောင်သော်လည်း လမ်းတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာအချို့တွင် ဖြေကြားထားသည်။

ဦးဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဥ် (၃၇) ဆင်းဖြစ်ပြီး ၂၀၁၆ခုနှစ်မှစကာ သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးတို့၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်။

“ဒီနေ့ မနက် အိပ်ယာအထမှာ လဲကျတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ တွေ့တဲ့အချိန်မှာ ဆေးရုံပို့ခဲ့ပေမယ့် အသက်မမှီလိုက်ဘူး ။ နှလုံးကြောင့်လို့ ထင်တယ်” ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဦးဇော်ဌေး ရုတ်တရက် ကွယ်လွန်ရသည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ရေးသားထားသည်။

ဦးဇော်ဌေးမှာ စစ်တပ်အာဏာသိမ်းချိန်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာကာ နေပြည်တော်တွင် နေထိုင်ခဲ့သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...