ကိုဗစ်ချေးငွေ ဆိုင်းငံ့ပေးဖို့ ဆားတောင်သူတွေ တောင်းဆို

ကိုဗစ်ချေးငွေ ဆိုင်းငံ့ပေးဖို့ ဆားတောင်သူတွေ တောင်းဆို

မွန်ပြည်နယ်က နေလှန်ဆားလုပ်ငန်းတွေဟာ အခုနှစ်ဆားရာသီမှာ ဆားကွင်းဖျက်မိုးတွေနဲ့အတူ အထွေထွေ ကုန်ကျစရိတ်ကြီးမြင့်ခဲ့တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ကိုဗစ်ချေးငွေ တစ်နှစ် ဆိုင်းငံ့ပေးဖို့ ဆားတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

ဆားတောင်သူတွေဟာ အခုနှစ်ဆားရာသီတွေမှာ ဆားကွင်းဖျက်မိုး လေးကြိမ်တိုင်တိုင် ကြုံခဲ့ရတာကြောင့် ဆားထွက်ရှိမှုနှုန်း ထက်ဝက်နီးပါး ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။

တဖက်မှာတော့ ဆားတောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင်ခဲ့တဲ့အတွက် ဆားရာသီပိတ်ချိန်မှာ တွက်ခြေမကိုက်ဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆားတောင်သူတွေဟာ လာမယ့် ဆားရာသီမှာ ဆားလုပ်ငန်း ပြန်လုပ်ဖို့ပင် ခက်ခဲနေတဲ့အတွက် ကိုဗစ်ကာလတုန်းက ထုတ်ချေးထားတဲ့ ချေးငွေကို တစ်နှစ် ဆိုင်းငံ့ပေးဖို့ ဆားတောင်သူတွေက အခုလို တောင်းဆိုလိုက်ပါတယ်။

“ လာမယ့်နှစ်မှာ အချို့တွေက မထွက်နိုင်တော့ဘူးလို့ ပြောကြတယ်။ နိုင်ငံတော်ကိုလည်း ကျွန်တော်တို့က ချေးငွေတွေ ပြန်ဆပ်ရအုံးမှာဆိုတော့ ကိုဗစ်ချေးငွေကို တစ်နှစ်ဆိုင်းငံ့ပေးဖို့ မေတ္တာရပ်ခံထားပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆားကြမ်း တစ်ပိဿာ ကျပ် ၂၅၀ ထိ ပေါက်ဈေးရှိနေပေမယ့် ဈေးကွက် မတည်ငြိမ်တာအပြင် ဝယ်လိုအား မရှိတဲ့ အခြေအနေကို ဆားတောင်သူတွေ ရင်ဆိုင်နေရပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်ဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ဆားကွင်းဖျက်မိုးကြောင့် ဆားတန်ချိန် ၂၀၀၀၀ လောက်သာ ထွက်ရှိခဲ့ပါတယ်။

မွန်ပြည်နယ်က ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ မန္တလေး၊ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချနေတာပါ။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...