ချင်းပြည်နယ် အတွက် NUG ငွေတိုက်စာချုပ် ရောင်းမည့် ကိုယ်စားလှယ်များ စတင်ဖိတ်ခေါ်

ချင်းပြည်နယ် အတွက် NUG ငွေတိုက်စာချုပ် ရောင်းမည့် ကိုယ်စားလှယ်များ စတင်ဖိတ်ခေါ်

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နွေဦးတော်လှန်ရေး အထူး ငွေတိုက်စာချုပ်များ ရောင်းချမည် ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ယမန်နေ့ မေလ ၂၁ ရက်တွင် ကြေညာသည်။

ယင်း အထူးငွေတိုက်စာချုပ်များ ရောင်းချခြင်းတွင် Chin Relief Funding Program-CRFP က အလုပ်အဖွဲ့ အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။

CRFP နှင့် လက်တွဲပြီး NUG Bond For Chin အေးဂျင့်များ အဖြစ် တာဝန်ယူလုပ် ကိုင်နိုင်ရန် နိုင်ငံတကာမှ ချင်းအဖွဲ့ အစည်း အသီးသီးကို ဖိတ်ခေါ်ထားပြီး မေလ ၂၀ ရက်မှ ဇွန်လ ၂၀ နေ့ အတွင်း လျှောက်ထားနိုင်မည် ဖြစ်သည်။

“အရင်တုန်း အလှူငွေတွေ ထည့်ကြပြီး ကူညီကြတယ် ဆိုတာ စေတနာနဲ့ အပြီးအပြတ် လှူဒါန်း လိုက်ကြတာ။ အခု ငွေတိုက်စာချုပ်ကို ဝယ်မယ် ဆိုရင်တော့ တော်လှန်ရေးအတွက် အကူညီပေးရာ ရောက်တဲ့အပြင် တချိန်မှာ ကိုယ့်ငွေကို ကိုယ်က ပြန်ရမယ် အရင်း မရှုံးဘဲ လှူဒါန်းနိုင်မှာ ဖြစ်လို့ ငွေတိုက်စာချုပ်ကို ဝယ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ICNCC တာဝန်ရှိသူ တစ်ဦး က မဇ္စျိမ ကို ပြောသည်။

ငွေတိုက်စာချုပ် ရောင်းရသည့် ငွေများကို ချင်းပြည်နယ် ဒေသ အသီးသီးရှိ လိုအပ်သော ကဏ္ဍများ အတွက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက စီမံ သုံးစွဲ သွာရန်ပုံငွေများ ရရှိလာခဲ့ပါက တော်လှန်ရေး အရွေ့တခု မြန်ဆန်သွား နိုင်ပြီး CDM ဝန်ထမ်းများ နှင့် ပြည်နယ်တွင်းနှင့် ပြည်နယ်ပြင်ပ ရောက်ရှိနေသော စစ်ဘေးရှောင် ဦးရေ ၁၀၀,၀၀၀ ခန့်အတွက် လူနေမှုဘဝ ၊ ကျန်းမာရေး ၊ ပညာရေးများအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။

ယခု ရောင်းချမည့် ဘွန်းများကို နောင်တချိန်တွင် ပြည်သူ့များထံမှ ချေးငွေများ အဖြစ် NUG စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက တာဝန်ယူ ဖြေရှင်းသွားမည် ဖြစ်သည်။

NUG Bond For Chin ဟု ဆိုသော်လည်း ချင်းလူမျိုးများ အကြားတွင် သာမက ချင်းလူငယ် များ၏ စွန့်လွှတ် စွန့်စားမှုနှင့် ချင်းစစ်ဘေးရှောင်များ အပေါ် လူသားချင်း စာနာထောက် ထားသည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘာတဝန်းလုံးမှ မည်သူမဆို ဝယ်ယူ ကူညီနိုင်မည် ဖြစ်သည်။

NUG အစိုးရသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဥပဒေနှင့် အညီ အထူးငွေတိုက် စာချုပ်များအား ကန်ဒေါ်လာ ၁၀၀ တန်မှ ၅,၀၀၀ တန်အထိ အမျိုးအစား လေးမျိုး ထုတ်ဝေ ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် မေလအထိ အမေရိကန် ဒေါ်လာ ၃၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီး ဖြစ်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က မေလ ၁၈ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်လင်းပွဲတွင် ပြောဆိုထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...