အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးကို ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်းထား

အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးကို ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်းထား

အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်ဦး(ခ)မောင်မောင်မျိုး(ဇာတ်ဆရာ)ကို စစ်ကောင်စီ တပ်ကဖမ်းဆီးပြီးနောက် ဘားအံမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်ပြီး ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ကိုမောင်မျိုးသည့် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့မှ မန္တလေးမြို့သို့ ထွက်ခွာ လာသည့် ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါလာစဉ် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ ရခြင်း ဖြစ်သည်။

ထို့နောက် မေလ ၁ ၁ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ထားခဲ့ပြီး မေလ ၁၇ ရက်နေ့၌ ကိုမောင်မောင်မျိုးကို ဘားအံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ကိုမောင်မောင်မျိုးကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဘားအံအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ ကျန်းမာရေးတော့ ကောင်းတယ်လို့ သိရပါတယ်” မဲခေါင်သတင်းဌာနတာဝန်ရှိသူ ဦးဉာဏ်လင်းထက်က မဇ္ဈိမသို့ ပြောသည်။

ကိုမောင်မောင်မျိုးသည် မဲခေါင် (Mekong News) သတင်းဌာနအပါအဝင် အခြားသောသတင်းဌာနများကို ဒေသတွင်းသတင်းများပေးပို့နေသည့် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သည်။ ၎င်းအား စစ်ဆေး စဉ် မဲခေါင်သတင်းဌာနဖေ့ဘုတ်စာမျက်နှာတွင် မောင်မောင်မျိုး(ဇာတ်ဆရာ)အမည်ဖြင့် နိုင်ငံရေးသတင်း ရေးသားမှုများနှင့် KNU တပ်မဟာ(၆)နယ်မြေ၊ လေးကေ့ကော်ဒေသအတွင်းမှ တိုက်ပွဲသတင်းများကို မဟုတ်မမှန်ရေးသားဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီကစွပ်စွဲပြီး ယခုကဲ့သို့ တရားစွဲဆိုထား ခြင်းဖြစ်သည်။

သတင်းစာဆရာများကာကွယ်ရေးကော်မတီ(CPJ)က မြန်မာအာဏာပိုင်များအနေဖြင့် ဖမ်းဆီးထားသည့် သတင်းစာဆရာ ကိုမောင်မောင်မျိုးကို ခြွင်းချက်မရှိ၊ ချက်ချင်းပြန်လွှတ်ပေးရန်နှင့် သတင်းသမားများကို ထောင်ချခြင်းရပ်တန့်ရန် မေလ ၁၈ ရက်က တောင်းဆိုထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...