ကနီမြို့နယ်မှ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူ ၆ဝဝဝ ကျော် စစ်ဘေးရှောင်နေရ

ကနီမြို့နယ်မှ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူ ၆ဝဝဝ ကျော် စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ သရက်တောကျေးရွာ၊ ကင်းတောင်ကျေးရွာ၊ ဆင်ဆန်းကျေးရွာ၊ ဝက်ချောင်း လေးကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို စစ်ကောင်စီတပ်က မေလ ၁၈ ရက် နံနက် ၁၁ နာရီမှ စတင်၍ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ကအင်အား ၄ဝဝ ခန့်ဖြင့် ရွာစဥ်လိုက် နယ်မြေရှင်းလင်းစစ်ကြောင်း ထိုးမှုများကြောင့် ဒေသခံပြည်သူ ၆ဝဝဝ ခန့် စစ်ကောင်စီတပ်ရန်မှ ရှောင်နေရကြောင်း ဒေသခံပြည်သူ့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ စစ်ကောင်စီတပ်က မြစ်အရှေ့ဖက်ကတစ်ကြောင်း၊ မြစ်အနောက်ဖက်ကတစ်ကြောင်း စစ်အင်အား ၂ဝဝ စီနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လှုပ်ရှားနေတယ်။ မေလ ၁၈ ရက် နံနက် ၁၁ နာရီလောက်မှာ ကနီမြို့ နယ်က ကျေးရွာငါးရွာကို မီးရှို့ဖျက်စီးမှတွေလုပ်ခဲ့တယ်။ ကိုယ့်ရွာကိုယ်မကပ်ရဲသေးတဲ့အတွက် နေအိမ် ဘယ်လောက်ပါသွားတယ်ဆိုတာတော့ အတိအကျမသိရသေးဘူး။ နတ်ကြီးကျေးရွာကတော့ ဒုတိယ အကြိမ် မီးရှို့ခံရခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ကနီမြို့နယ်က ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ ငါးဖျက်၊ တန် ဆည်ချောင်၊ မုဋ္ဌော၊ နတ်ကြီး၊ သရက်တော၊ သမင်ခြံ၊ ရွာသာ၊ ဝက်ချောင်း စတဲ့ကျေးရွာတွေက ဒေသခံ ပြည်သူ ၆ဝဝဝ ကျော် စစ်ဘေးရှောင်နေရတယ်” ဟု ရဲဘော်တစ်ဦးက ဆိုသည် ။

မေလ ၁၇ ရက်နေ့ကလည်း ဘုတလင်မြို့နယ်ရှိ ရေဘုတလင်နှင့် ချောင်းဝကြီးကျေးရွာတို့ကို ရွာလုံးကျွတ် နီးပါး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...