EAOs များနှင့် တွေ့ဆုံဆွေးနွေးရာမှာ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဟု စစ်ကောင်စီပြော

EAOs များနှင့် တွေ့ဆုံဆွေးနွေးရာမှာ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဟု စစ်ကောင်စီပြော

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် EAOs များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးရာမှာ EAOs တို့၏ လိုအင်ဆန္ဒနှင့် စစ်ကောင်စီ၏ လိုလားချက်နှစ်ခုကြားမှ လက်ရှိလုပ်ဆောင်နေမှုအခြေအနေ၊ အနာဂတ်တွင်လုပ်ဆောင်ရမည့် ကြိုတင်စီမံကိန်းဟူ၍ ၂ ပိုင်းခွဲပြီး ဆွေးနွေးသွားမည်ဖြစ်ကာ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်လာသည့်တိုင် ဆွေးနွေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ထပ်ပြီးတော့ပြောချင်တာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အာမခံတာကတော့ ဒီဆွေးနွေးပွဲမှာ ရလာဒ်ကောင်းတစ်ခုထွက်လာအောင် ဆွေးနွေးမယ်လို့ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဆွေးနွေးပွဲဟာ ဆုံးဖြတ်ပေးနိုင်တဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။ ရိုးသားပွင့်လင်းစွာနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဖြေတစ်ခုဆိုတာထက် ဆက်လုပ်ရမဲ့လုပ်ငန်းတစ်ခု ရလာဒ်ကောင်းတစ်ခုထွက်ပေါ်လာတဲ့တိုင် ဆွေးနွေးနိုင်မယ်လို့မျှော်လင့်ပါတယ်”ဟု ၄င်းကဆိုသည်။

အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့ တွင် NCA လက်မှတ်ရေးထိုးထားသည့် တောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့(RCSS/SSA)အဖွဲ့နှင့် ပထမဆုံးဆွေးနွေးသွားမည်ဖြစ်ကာ ယင်းနောက် တစ်ဖွဲ့ချင်းစီနှင့် ထပ်မံဆွေးနွေးသွားမည်ဖြစ်ပြီး လိုအပ်လာပါက ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်းဆိုသည်။

“ RCSS/SSA အဖွဲ့နဲ့ ပထမဆုံးဆွေးနွေးသွားမယ်။ တစ်ဖွဲ့ပြီးရင်တော့ နောက်ထပ်တစ်ဖွဲ့နဲ့ပေါ့နော်။ ပြီးရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၃ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ထပ်ပြီးဆွေးနွေးသွားမှာပါ” ဟု ၄င်းကဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးကို တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တက်ရောက်မည်ဖြစ်သည်။

ထို့ပြင် NCA လက်မှတ်မရေးထိုးထားသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် မိုင်းလားအဖွဲ့(NDAA)တို့လည်း တက်ရောက်ရန်စာရင်းပေးထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ပြောဆိုလာခြင်းဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...