စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ စစ်လက်နက်တွေအကူအညီပေးဖို့အနောက်နိုင်ငံတွေကို NUG တောင်းဆို

စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ စစ်လက်နက်တွေအကူအညီပေးဖို့အနောက်နိုင်ငံတွေကို NUG တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက် ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရုရှားကျူးကျော်စစ်ကို တိုက်ခိုက်နေတဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေကိုထောက်ပံ့သလိုကူညီဖို့ နိုင်ငံတကာကိုအကူအညီတောင်းခံခဲ့ပါတယ်။

ယူကရိန်းပြည်သူတွေနဲ့ မြန်မာ့ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့စစ်တွေဟာ လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေကြပေမယ့် လက်နက်အင်အားကောင်းမွန်တဲ့ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသူတွေအတွက်နိုင်ငံတကာက စိတ်ဓာတ်ရေးရာအရ ထောက်ခံမှု ပေးတာထက် ပိုမိုလုပ်ဆောင်ပေးဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ရပ်တည်ချက်က ကျွန်ုပ်တို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုဖြစ်ပြီး အဲဒါအတွက် ကျေးဇူးတင်ပါတယ်။ လက်နက်နဲ့ ရန်ပုံငွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေရရင် ပိုကျေးဇူးတင်မိမှာပါ” လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ရိုက်တာကို လက်ရေးမူနဲ့ ရေးသားပေးပို့ခဲ့ပါတယ်။

နိုင်ငံတကာရဲ့ထောက်ပံ့မှုနဲ့ အတူတော်လှန်ရေးကို အမြန်ဆုံးအဆုံးသတ်နိုင်မှာဖြစ်ပြီး ပြည်သူတွေနဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတွေကို နည်းနိုင်သမျှနည်းစေမှာ ဖြစ်တယ်လို့ သူက ထည့်သွင်းရေးသားခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းအပေါ်အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ အနောက်နိုင်ငံ မဟာမိတ်တွေက ယူကရိန်းက တိုက်ခိုက်ရေးတပ်သားတွေကို လက်နက်တပ်ဆင်ပေးနေတာဖြစ် ပြီး မြန်မာနိုင်ငံမှာတော့ တိုက်ပွဲတွေကြောင့် လူပေါင်း ၅၆၀၀၀၀ ကျော်အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

ဒီမိုကရေစီလိုလားသူတွေရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ လပေါင်းများစွာ ကြာဖြိုခွင်းခံခဲ့ရပြီးနောက်မှာတော့ စစ်တပ်အာဏာစုစည်းဖို့ ကြိုးပမ်းမှုတွေကို တားဆီးဖို့  ပြည်သူ့ခုခံစစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ ကတော့ တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားတွေဆိုပြီး တံဆိပ်ကပ်ခဲ့ပါတယ်။

အရပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာထားတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့အတွက် လက်နက်ကိုင်အင်အားစုတွေဟာ အခြေခံ ရိုက်ဖယ်တွေနဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေလို ပေါ့ပါးတဲ့ လက်နက်တွေကိုသာ အသုံးပြု နိုင်ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်လက်နက်ပစ္စည်းအကူအညီတောင်းခံတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူနဲ့ ရန်ကုန်မြို့က ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံပြန်ဖြေဆိုတာတော့မရှိခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ စစ်ကောင်စီကို ဆက်လက် ဖိအားပေးနေပြီး နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့အတွက် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်နေပမယ့် ဘယ်လိုအဖွဲ့အစည်းကိုမှ စစ်ဘက်ဆိုင်ရာ အထောက်အပံ့နဲ့စစ်လက်နက်ပစ္စည်းတွေပံ့ပိုးပေးတာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှားမန်းနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဒူလာတို့နဲ့ အမေရိကန် ပြည်ထောင်စုမှာ တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာမှာ ဦးရည်မွန်ရဲ့ အကူအညီတောင်းခံစာထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: Reuters

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...