AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ကြက်ကိုင်းတန် ကျေးရွာအုပ်ချုပ်ရေးမှူးကို လာမည့်မေလ ၂၃ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်

AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ကြက်ကိုင်းတန် ကျေးရွာအုပ်ချုပ်ရေးမှူးကို လာမည့်မေလ ၂၃ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်မည်
ဘောဒူဖမူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်အား အမှုဖွင့် မဖွင့်ကို မသိရသေးပေ။
ဘောဒူဖမူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်အား အမှုဖွင့် မဖွင့်ကို မသိရသေးပေ။

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံယဖြင့် ဖမ်းဆီးခံထားရသည့် စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်အား လာမည့် မေလ ၂၃ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးထွန်းလှစိန်အား လာမည့်မေလ ၂၃ ရက်တွင် ရုံးထုတ် စစ်ဆေးသွားမည် ဖြစ်သော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်းနှင့် အမှု၏ အခြေအနေကိုလည်း တစ်စုံတစ်ရာ သေချာမသိရသေးကြောင်း သူနှင့်ဆွေမျိုးတော်စပ်သူတစ်ဦးက နိရ ဉ္စရာသို့ပြောသည်။

"အမှုကတော့ သစ်စက်ထဲကသစ်တွေကို သူတို့ကယူသွားတာဆိုတော့ သစ်နဲ့ဆိုင်တဲ့အမှုတစ်ခုခုလို့ ထင်တယ်။ သေချာအတိအကျကိုတော့ မသိရသေးဘူး။ ဝင်လို့လည်း တွေ့ခွင့်မရသေးဘူး" ဟုပြောသည်။

အသက် (၅၈) နှစ်အရွယ် ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်ကို မေလ ၄ ရက်နေ့ ညနေ ၈ နာရီခန့်တွင် သူ၏ နေအိမ် အတွင်းမှ ရဲနှင့်စစ်တပ်အင်အား ၃၀ ခန့်က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသည့် အကြောင်းအရင်းမှာ AA အား ငွေကြေးပေးဆောင်သည့် သံသယဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံရွာသားများက ပြောဆိုသော်လည်း ဖမ်းဆီးသည့် အကြောင်းအရင်းကိုမူ စစ်ကောင်စီ တာဝန်ရှိသူများက ယနေ့အချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသည့် အပြင် မိသားစုများကို လည်း အကြောင်း ကြားခြင်း မရှိသေးဟု သိရသည်။

ဦးထွန်းလှစိန်အား ဖမ်းဆီးပြီးတစ်ရက်အကြာ မေလ ၅ ရက်၊ ညနေ ၅ နာရီခန့်တွင် ကြက်ကိုင်းတန် ကျေးရွာသို့ စစ်တပ်နှင့် ရဲတို့ ပြန်လည် ဝင်ရောက်လာပြီး ၎င်း၏ အိမ်ထဲမှ သစ်စက်တစ်လုံးနှင့် စုပုံထားသော သစ်များကို ယူဆောင်သွားသဖြင့် ဦးထွန်းလှစိန်အား သစ်နှင့်ပတ်သက်သော အမှုတစ်ခုဖြင့် အမှုဖွင့်နိုင်သည်ဟု ရွာသားများက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ကြက်ကိုင်းတန်အုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်နှင့်အတူ တစ်ရက်တည်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဘောဒူဖမူဆလင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်တို့အား စစ်တွေအမှတ်(၁) ရဲစခန်း၌ ထိန်းသိမ်းထားကြောင်းသိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...