လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ ကြောက်ရွံ့မုန်းတီးတွေ ပပျောက်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ LGBT တွေ ပြော

လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ ကြောက်ရွံ့မုန်းတီးတွေ ပပျောက်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ LGBT တွေ ပြော

လူမှုအသိုင်းအဝိုင်းမှာ အခြေခံလူ့အခွင့်အရေးနဲ့ရပိုင်ခွင့်တွေ၊ တန်းတူညီမျှရေးနဲ့ အပြန်အလှန်လေးစား တန်ဖိုးထားမှုတွေ ထွန်းကားပြီး လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ ကြောက်ရွံ့မုန်းတီးတွေ အမြန်ဆုံး ပပျောက်စေဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ LGBT တွေက ပြောဆိုလိုက်ပါတယ်။

မေလ ၁၇ ရက်နေ့ဟာ လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုတဲ့ ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့လည်း ဖြစ်လာပါတယ်။

ဒီနေ့ဟာ လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတို့အတွက် ခေတ်အဆက်ဆက်က အသက်ပေး တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေ၊ တိုက်ပွဲဝင်လျက်ရှိတဲ့ LGBTIQ တွေကို ဂုဏ်ပြုတဲ့အနေနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ကြတဲ့နေ့လည်း ဖြစ်ပါတယ်။

လိင်စိတ်တိမ်းညွတ်မှုကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့မုန်းတီးမှုတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ဆက်ရှိနေတဲ့အတွက်ကြောင့် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ LGBT COMMUNIYTY YANGON ဥက္ကဋ္ဌ ကိုအန်သျှားစစ်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လိင်စိတ်တိမ်းညွတ်မှုများအပေါ် အခြေပြုတဲ့ ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာတော့ မန္တလေး LGBT Union က ဦးဆောင်ပြီး ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသလို နိုင်ငံတဝန်းမှာလည်း အွန်လိုင်းကနေ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ နွေဦးတော်လှန်ရေးမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် LGBTIQ (၁၇) ဦး သေဆုံးခဲ့ပြီး (၈၅) ဦးထက်မနည်း မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ထားရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...