Chevron ကုမ္ပဏီ၏ ရှယ်ယာရှင်အစည်းအဝေးတွင် စစ်ကောင်စီထံ ငွေဆက်မပေးရေး တောင်းဆိုမည်

Chevron ကုမ္ပဏီ၏ ရှယ်ယာရှင်အစည်းအဝေးတွင် စစ်ကောင်စီထံ ငွေဆက်မပေးရေး တောင်းဆိုမည်

အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က စစ်ကောင်စီထံ ငွေများဆက်မပေးရေးအတွက် ကုမ္ပဏီ၏ နှစ်စဉ် ရှယ်ယာရှင်များအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရန်တောင်းဆိုသည့် လူထုလှုပ်ရှားမှုကို Blood Money Campaign အဖွဲ့က ပြုလုပ်မည် ဖြစ်သည်။

ထိုလှုပ်ရှားမှုအတွက် မေလ ၂၀ ရက်နေ့နောက်ဆုံးထားပြီး ပြည်သူ့လက်မှတ် ၂၀၀,၀၀၀ ကျော် ကောက်ခံ နေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign) အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“လာမယ့် မေလ ၂၅ ရက်နေ့မှာ လုပ်မယ့် Chevron ရဲ့ နှစ်စဉ် ရှယ်ယာရှင်များအစည်းအဝေးမှာ ကျွန်မတို့ အနေနဲ့ Chevron ကနေ စစ်အုပ်စုဆီကို ငွေမပေးရေး မဲခွဲဆုံးဖြတ်ဖို့ လူထုလှုပ်ရှားမှုအနေနဲ့ ပြည်သူ ၂၀၀,၀၀၀ ကျော်ရဲ့ လက်မှတ်တွေနဲ့အတူ အိတ်ဖွင့်ပေးစာပို့ပြီး စစ်အုပ်စုကိုငွေဆက်မပေးရန် တောင်းဆိုဖို့ လက်မှတ်တွေ စပြီးကောက်နေပါပြီ။ နောက်ဆုံးရက်ကတော့ လာမဲ့ မေလ ၂၀ ရက်နေ့ ည ၁၂ နာရီ အထိပါ ” ဟု သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူ ပေး နိုင်ရေး တောင်းဆိုမှုဖိအားများကြောင့် လူ့အခွင့်အရေးများချိုးဖောက်နေသည့်စစ်ကောင်စီနှင့် အလုပ် ဆက်မလုပ် ရန် Total နှင့် Chevron ကုမ္ပဏီတို့၏ ရှယ်ယာရှင်များကိုယ်တိုင် ၎င်းတို့ကုမ္ပဏီများ အပေါ် ဖိအားပေးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတောင်းဆိုမှုများအောင်မြင်လျင် စစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀ ရရှိ မည့် အခွင့်အရေးလည်းဆုံးရှုံးမည်ဖြစ်ပြီး နိုင်ငံရေးအရလည်း ခေါင်းမဖော်နိုင်အောင် သိက္ခာကျဆင်းလိမ့် မည်ဟု စစ်ကောင်စီ၏စီးပွားရေးများကို စောင့်ကြည့်လေ့လာနေသည့် တက်ကြွလှုပ်ရှားသူ ကိုရဲက ပြော သည်။

“ကျွန်တော်တို့ သိထားသလောက် ခြောက်လအတွင်းမှာ သူတို့ စစ်ကောင်စီကို အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၅၀ ခန့် ပေးဖို့ ရှိပါတယ်။ ရတနာစီမံကိန်းကနေ ပေးဖို့ရှိတယ်။ အဲ့ဒီဟာကို ရှယ်ယာရှင်တွေ အနေနဲ့ကန့်ကွက်ခဲ့ရင် ကုမ္မဏီအနေနဲ့က ပိုက်ဆံဆက်ပေးဖို့ကို ချိန်ရတော့မှာ ဖြစ်ပါတယ်။ ရှယ်ယာရှင် တွေက တောက်လျှောက် ပြီးခဲ့တဲ့နှစ်တွေကတည်းက ဖိအားပေးတောင်းဆိုမှုတွေရှိခဲ့တဲ့အတွက်ကြောင့် ဒီနှစ်မှာလည်း ဖိအားပေးတောင်းဆိုမှုတွေ ရှိလာနိုင်ပါတယ်။ စစ်ကောင်စီကို ပိုက်ဆံမပေးဖို့ပေါ့နော်။ ဒီတောင်းဆိုမှုသာအောင်မြင်ရင် အဲ့ဒါသည် အလွန်သိသာထင်ရှားပြီး စစ်ကောင်စီကို ငွေရေးကြေးရေး အရ အကြီးအကျယ် ထိခိုက်သွားမှာဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...