ပညာရေးဝန်ထမ်းများ အယူခံတင်ပါက မူလရာထူး ပြန်ပေးမည်ဟု စစ်ကောင်စီထုတ်ပြန်

ပညာရေးဝန်ထမ်းများ အယူခံတင်ပါက မူလရာထူး ပြန်ပေးမည်ဟု စစ်ကောင်စီထုတ်ပြန်

အခြေခံ ပညာရေးဌာန ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်လိုပါက မူလ ရာထူး တာဝန်များ၌ ပြန်လည် ခန့်အပ်မည်ဟု စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက မေလ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အကြောင်း အမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သည့် ကာလများ အတွက် လစာမဲ့ခွင့် အဖြစ် သတ်မှတ်ပေးမည် ဖြစ်ကာ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပညာရေးဌာန၊ ပညာရေးမှူးရုံးများတွင် အယူခံလွှာ တင်ပြနိုင်သည်ဟု ဆိုသည်။

ထုတ်ပြန်စာတွင် ခြိမ်းခြောက် အကြပ်ကိုင်ခံရမှုများနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကြောင့် တာဝန်မှ ကင်းကွာ နေသော ဝန်ထမ်းများဟု သုံးနှုန်းထား သဖြင့် စစ်ကောင်စီ အနေဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်နေသည့် ပညာရေး ဝန်ထမ်းများကို ပြန်လည် ခေါ်ယူနေခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။

“ဒါက‌တော့ သူတို့ဘက်မှာ ဝန်ထမ်း အင်အား မလုံလောက်တော့တာကို သိသာစေတယ်။ နောက်တစ်ခုက CDM လှုပ်ရှားမှု အောင်မြင်နေတယ် ဆိုတာ ဝန်ခံနေတာပဲ ဖြစ်ပါတယ်” ဟု အခြေခံပညာ လုပ်သား သမဂ္ဂများ တိုက်ပွဲ ဦးဆောင် ကော်မတီ ဗဟို အလုပ်အမှုဆောင် ဆရာနောင်ချိုက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် စစ်ကောင်စီက ဝန်ထမ်းများ ပြန်လည်ခေါ်ယူရာ CDM မှ Non - CDM အဖြစ် ပြန်လည် ဝင်ရောက်သည့် ပညာရေး ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စောင့်ကြည့်ခံရမှုများ ရှိကြောင်း ဆိုသည်။

CDM ဆရာမ တစ်ဦးက” ဖမ်းမယ် မဖမ်းဘူးက အဓိက မဟုတ်ဘူး။ စစ်အာဏာရှင်စနစ် ပြုတ်ကျမှ ကျောင်းထဲ ပြန်ဝင်မယ်၊ လောက်ကောင်တွေနဲ့ ကျောင်းကို ဒီမိုကရေစီ ပြန်မရမချင်း မသွားဘူးလို့ ဆုံးဖြတ်ထားတယ်” ဟု ဆိုသည်။

”ကျနော်တို့ မြင်ရသလောက် ဆိုရင် Non-CDM တွေရှိနေတယ်။ ပြီးတော့လည်း စကစ(စစ်ကောင်စီ) လက်ထက်မှ ဝင်လာသူတွေ ရှိနေတယ်။ အဲ့လူတွေကြားကို ပြန်ဝင်ရတယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ သဟဇာတဖြစ်မှာ မဟုတ်ဘူး၊ အလုပ် အတူတူတွဲလုပ်လို့ မရနိင်ဘူးဗျ” ဟု ဝါရင့် ကျောင်းဆရာ တစ်ဦးက ပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အခြေခံ ပညာရေးဝန်ထမ်း ၂၀၀,၀၀၀ ကျော်ရှိကြောင်း အခြေခံ ပညာရေး လုပ်သားများ သမဂ္ဂများ တိုက်ပွဲ ဦးဆောင်ကော်မတီ (BEWU-SC) ထံမှ သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...