ဩစတြေးလျက မြန်မာဆိုင်ရာ သံအမတ်သစ် မခန့်တော့ဘဲ စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချမည်

ဩစတြေးလျက မြန်မာဆိုင်ရာ သံအမတ်သစ် မခန့်တော့ဘဲ စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချမည်

ဩစတြေးလျသည် မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ရန် လုပ်ဆောင်နေပြီး အရှေ့တောင်အာရှနိုင်ငံ၌ အာဏာသိမ်းပြီး ဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းထားခဲ့သည့် စစ်ကောင်စီကို တရားဝင်ဖြစ်စေမည့်အရေးမှ ရှောင်ရန် ကြိုးပမ်းနေသည်။

ဧပြီလက ရာထူးသက်တမ်း ကုန်ဆုံးသွားခဲ့သည့် မြန်မာဆိုင်ရာ ဩစတြေးလျသံအမတ်ဟောင်း အန်ဒရီ ဖော့ခ်နာ၏ နေရာတွင် အစားထိုးရန် ဩစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန (DFAT) ၏ အကြီးတန်းအရာရှိတစ်ဦးကို ရွေးချယ်ထားသည်ဟု ABC သတင်းဌာနကို ပြောသည်။

သို့သော် လက်ရှိတွင် မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့်ရရန် ခွင့်ပြုချက်မရသေးသည့် အဆိုပါ ဩစတြေးလျ ကိုယ်စားလှယ်သစ်သည် သူမ၏ ရာထူးခန့်အပ်လွှာကို စစ်ကောင်စီ အကြီးအကဲထံ ပေးအပ်မည် မဟုတ်သလို သူမသည် သံရုံး၌ သံရုံးယာယီ တာဝန်ခံ ရာထူးဖြင့် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဩစတြေးလျ တာဝန်ရှိသူများသည် မဟာဗျူဟာနှင့်အတူ ဟန်ချက်တစ်ခု ထိန်းထားနိုင်ရန် လုပ်ဆောင်နေသည်။

ထိုသို့ လုပ်ဆောင်ခြင်းကနေတစ်ဆင့် မြန်မာတွင် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားခဲ့သည့် စစ်အုပ်စုကို တရားဝင် အသိအမှတ်ပြုခြင်း မရှိဘဲ မြန်မာနိုင်ငံရှိ ဩစတြေးလျ၏ အကျိုးစီးပွားရေးကို ကာကွယ်ပေးနိုင်စွမ်းရှိသော အတွေ့အကြုံရင့် အရာရှိတစ်ဦးကို စေလွှတ်တာဝန်ပေးနိုင်မည်ဟု DFAT က မျှော်လင့်သည်။

အခြားသော အနောက်နိုင်ငံအချို့သည်လည်း အလားတူအတိုင်းပင် မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချရန် လုပ်ဆောင်နေကြသည်။ သို့သော် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ခြင်း မပြုသည့် ဩစတြေးလျ၏ ဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေးအဖွဲ့ အများအပြားက အပြင်းအထန် ဝေဖန်ထားခဲ့သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...