စစ်တွေမြို့ထဲရှိ လုပ်ငန်းခွင်များတွင် မူဆလင်အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိလာ

စစ်တွေမြို့ထဲရှိ လုပ်ငန်းခွင်များတွင် မူဆလင်အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိလာ

ရခိုင်ပြည်နယ်တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခများကြောင့် လူမျိုးနှစ်ခု အကြား တင်းမာခဲ့သော ဆက်ဆံရေးမှာ ယခုအခါ တစ်ဖြည်းဖြည်း ပြေလျော့လာပြီး စစ်တွေမြို့ပေါ်ရှိ လုပ်ငန်းခွင်များတွင် မူဆလင် အလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်  ပြန်လည်ရရှိလာသည်ဟု သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သွားရောက်လုပ်ကိုင်သည့် ဘုမေရွာမှ မူဆလင်လူမျိုးတစ်ဦးဖြစ်သူ ကိုလင်းလင်းက " အခုဆိုရင် ကျနော်တို့ နေတိုင်း မြို့ထဲသွားပြီး အလုပ်သွားရတယ်။ ကျနော်တို့ကို ပြန်ပြီး လုပ်ကိုင်ခွင့် အခွင့်လမ်းတွေပေးလို့ ရခိုင်လူမျိုးတွေကိုလည်းကျေးဇူးတင်ပါတယ်။ ခုလို ရခိုင်နဲ့ မူဆလင်တွေအကြားမှာ ပြန်ပြီးအတူတူအလုပ်ကိုင်ရတဲ့အတွက် ပျော်လည်း ပျော်ပါတယ်။ မိသားစု စားဝတ်နေရေး အတွက်လည်း မပိုလျှံတောင်မှ ထမင်းမငတ်ဘူး" ဟုပြောသည်။

မူဆလင်လုပ်သားများသည် စစ်တွေမြို့တွင် တည်ဆောက်နေသည့် အိမ်များအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ရရှိနေပြီး စျေးများ၊ ဆိပ်ကမ်းများနှင့် လိုအပ်သော လုပ်ငန်းခွင် များတွင်လည်း အလုပ်လုပ်ကိုင်ခွင့်များမှာ ယခင်ကထက် တစတစ ပိုမို ရရှိလာခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ လူမျိုး၊ဘာသာမခွဲခြားပဲ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာခြင်းမှာ ရခိုင်ပြည်အတွက် အလားလာကောင်သော လက္ခဏာတစ်ရပ်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြဿနာဖြစ်စရာ အကြောင်းရှိလာပါကလည်း တစ်ဦးနှင့်တစ်ဦး နားလည်မှုများနှင့် ညှိညှိနိုင်းနိုင်း ဖြေရှင်းသင့်သည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာဦးခိုင်ကောင်းစံက ပြောသည်။

" သူတို့တွေကို ကျောင်းတက်ဖို့အခွင့်အလမ်းရတာတို့၊ အလုပ်အကိုင် ပေးတာတွေက ကောင်းတဲ့ အလားအလာရှိပါတယ်။ အတိတ်က ဖြစ်ပျက်ခဲ့တာတွေကိုလည်း ဆင်ခြင်သင့်ပြီးတော့ နောက်မဖြစ်ရအောင် တစ်ဦးနဲ့တစ်ဦးညှိနိူင်းပြီး နေသင့်တယ်။ ခုဆိုရင် တော်တော်များများ နေရာတွေမှာလည်း သူတို့တွေ အခွင့်အလမ်းရတာတွေလည်းတွေ့နေရတယ်" ဟုပြောသည်။

ယခုကဲ့သို့ မွတ်စလင်လူမျိုးများအား လုပ်ငန်းခွင် အတွင် အသုံးပြုလာသည်မှာ အချိန်အားဖြင့် နှစ်ပိုင်း လောက်သာရှိသေး သော်လည်း စစ်တွေမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ တွင် အလုပ်သမားရှားပါး မှု ပြဿနာ ကိုဖြေရှင်း လာနိုင်ကြောင်းသိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...