စစ်ကောင်စီတပ်နှင့် အနီးကပ်နေထိုင်ခြင်းမပြုရန် ပြည်သူများကို AA သတိပေး

စစ်ကောင်စီတပ်နှင့် အနီးကပ်နေထိုင်ခြင်းမပြုရန် ပြည်သူများကို AA သတိပေး

ရခိုင်ပြည်နယ်အတွင်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားကြောင့် အာဏာသိမ်း စစ်ကောင်စီတပ် သွားလာလှုပ်ရှားနေသည့် နေရာများ၊ အထိုင်ချနေထိုင်ခဲ့သောနေရာများနှင့် စစ်ကောင်စီ တပ်စခန်းအနီးပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထား ရှောင်ရှားကြရန် ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတိပေးပြောကြားလိုက်သည်။

မေလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ရွာတွင် တပ်စွဲထား သည့်တပ်စခန်းသို့ ရိက္ခာလာပို့သောစစ်ရဟတ်ယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်(AA)ကပစ်ခတ်ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောကြားသည်။

ယင်းနောက် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက် စစ်ရေးတင်းမာမှု ဆက်လက် မြင့်တက် နေသည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက လူမှုကွန်ရက်တွင်  ရေးသားထားသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီး ညပိုင်းတွင် ရခိုင်ပြည်သူများအပေါ် AA က သတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်း မှူးထင်လတ်ဦးကို မေလ ၆ ရက်နေ့တွင် တွင်တာမှတစ်ဆင့် စစ်ရေးအရ စိန်ခေါ်ခဲ့သေးသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကစ၍ စစ်ရေးငြိမ်သက်နေသော ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ်ကုန် ပိုင်းတွင် နှစ်ဘက်ထိတွေ့မှုဖြစ်ကာ တိုက်ပွဲသံများ စတင်ကြားလာရပြီးနောက်ပိုင်း စစ်ရေးတင်းမာလာ ကြောင်း ရခိုင်နိုင်ငံရေးလေ့လာသူများက ပြောသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများ နေရာအနှံ့ ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေး ခြင်းနှင့် အဆိုပါကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော AA တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန် ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် တရားရုံးများကို ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်းများကို ဆက်တိုက် လုပ်ဆောင်လာသည်ဟု ဦးခိုင်သုခက ပြောထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...