ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်လူငယ် ၃ ဦး ဖမ်းဆီးခံရ

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်လူငယ် ၃ ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းမှ လူငယ် ၃ ဦးမှာ ယမန်နေ့(မေလ ၁၆ ရက်) ညနေ ၅ နာရီခန့်တွင် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းရှိ ပေါက်တောပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံလူငယ်သုံးဦးမှာ ကျောက်တန်းကျေးရွာမှ မောင်မောင်ညို (၁၇)နှစ်၊ ခရုချောင်းကျေးရွာမှ မောင်အောင်မျိုးခန့် (၁၅)နှစ်နှင့် လှိုင်ဂွင်ကျေးရွာမှ မောင်နေထက်ဦး(၁၈)နှစ်တို့ဖြစ်ကြသည်။

“သူတို့ ၃ ယောက်က မနေ့ကနေလည် ၁ နာရီကျော်လောက်မှာ စစ်ဘေးရှောင်စခန်းကနေ ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားတယ်။ မိဘတွေကိုလည်း မပြောခဲ့ဘူး။ သူတို့နဲ့နေတဲ့ကလေးတွေဆီက သိရတာ။ ညနေရောက်တော့ ပေါက်တောပြင်ဂိတ်မှာ အဖမ်းခံထားရတယ်ဆိုပြီးတော့ ဖုန်းဆက်လာတယ်။ သူတို့က ပုဏ္ဏားကျွန်းမှာရှိတဲ့ သူတို့သူငယ်ချင်းတွေဆီကို သွားတာပါ။ အဲဒီဂိတ်မှာ ရဲတော့မရှိဘူး၊ စစ်တပ်တစ်ခုပဲရှိတယ်”ဟု ဖမ်းဆီးခံရသည့် မောင်မောင်ညို၏ ဦးလေးဖြစ်သူ ကိုမောင်ဆန်းဇော် က DMG သို့ပြောသည်။

လက်ရှိမှာ ၎င်းလူငယ်သုံးဦးကို မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရသေးသည့်အတွက် မိသားစုများမှာ စိုးရိမ်နေကြသည်။

“အခု သူတို့မိဘတွေက ရဲစခန်းမှာ လူပျောက်တိုင်စာတင်ဖို့သွားတယ်။ လက်ရှိသူတို့ကို ဘယ်ကိုခေါ်သွားလည်း ဆိုတာမသိရသေးဘူး။ မိသားစုတွေအနေနဲ့တော့ စိုးရိမ်မှုရှိတာပေါ့။ နောက်ပြီးတော့ ပြန်လွှတ်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

လူငယ်သုံးဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားမရှိခဲ့ပေ။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဘော်ဒူပ(မွတ်ဆလင်)ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...