စစ်ကောင်စီ ဖွင့်တဲ့ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းတက်ရောက်သူ ၅၀၀၀ နီးပါး ထိ ရှိလာ

စစ်ကောင်စီ ဖွင့်တဲ့ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းတက်ရောက်သူ ၅၀၀၀ နီးပါး ထိ ရှိလာ

အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ မော်လမြိုင် တက္ကသိုလ်မှာ ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသား ၅၀၀၀ နီးပါးထိ ရှိလာတယ်လို့ တက္ကသိုလ် Non CDM ဆရာ ဆရာမတွေက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက တက္ကသိုလ်အသီးသီးကို မေလ ၁၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှာတော့ မေလ ၁၆ ရက်နေ့ထိ ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူ၊ကျောင်းသား ၅၀၀၀ နီးပါးထိ ရှိလာခဲ့တာပါ။

ကျောင်းတက်ရောက်မှု အခြေအနေအရ ပထမနှစ် သင်တန်းမှာ ကျောင်းသူ၊ ကျောင်းသား ၂၀၀၀ နီးပါး ရှိပြီး၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဂုဏ်ထူးတန်း၊ မဟာ အရည်အချင်းစစ် သင်တန်းနဲ့ မဟာတန်းတွေရဲ့ ဒုတိယ နှစ်ဝက်သင်တန်းမှာ တက်ရောက်သူ ၃၀၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။

ကျောင်းတက်ရောက်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေကိုတော့ လုံခြုံအရေးအရ တက္ကသိုလ် အတွင်းက အဆောင်တွေမှာ နေရာချထားပေးတာ ဖြစ်ပြီး အဆောင် အားလုံးနီးပါး ပြည့်သလောက် ဖြစ်နေပြီးလို့ တက္ကသိုလ် Non CDM ဆရာမ တစ်ဦးက ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ် ကြားကာလ ယာယီစီမံအုပ်ချုပ်ရေး ကောင်စီကတော့ မော်လမြိုင် တက္ကသိုလ်မှာ နေ့သင်တန်းတက်တဲ့ ကျောင်းသူ၊ကျောင်းသား ၁၅၀၀၀ ကျော်ရှိပြီး အခု ကျောင်း တက်ရောက်မှုဟာ ၃၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ဆိုပါတယ်။

မော်လမြိုင် တက္ကသိုလ်မှာတော့ ပညာသင်ကြားပေးနေတဲ့ မေဂျာပေါင်း (၁၇)မေဂျာရှိပြီး၊ စစ်တပ် အာဏာမသိမ်းခင် နှစ်အလိုက် ကျောင်းတက်ရောက်တဲ့ ကျောင်းသူ၊ ကျောင်းသား သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေ တက်ရောက်ပြီး အောင်မြင်သွားတဲ့ သူတွေကို အသိမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...