မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်

မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်အမိန့်ကို ကျိုက်မရောဗဟိုအကျဉ်းထောင်အတွင်း အထူးတရားရုံးတွင် မေလ ၁၆ ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာအေးဇံကို အဂတိမှု အမှတ်စဉ် ၁ မှ ၆ အထိကို တစ်မှုလျင် ထောင်ဒဏ် ၂ နှစ် နှစ်နှုန်းဖြင့် ၁၂ နှစ် အပြင် အမှု အမှတ်စဉ် ၇ မှ ၉အထိ တစ်မှုကို ထောင်ဒဏ် ၃ နှစ်နှုန်း ဖြင့် ၉ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် တာဝန်ယူနေစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ စီးပွားရေးလုပ်ငန်းရှင်များထံက ဒေါက်တာအေးဇံ ငွေကြေးရယူခဲ့သည့်ဆိုသော စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် နစက ကောင်စီ အမှု ၉ မှု ဖွင့်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပြီး ယခု ချမှတ်ခဲ့သည့် အမိန့်ဖြင့် ပေါင်းလိုက်ပါက ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲ အတွင်း မလျော် သြဇာသုံးခဲ့သည်ဟူသော စွဲချက်ဖြင့် အမှု ၃ မှု ဖွင့်ထားပြီး တရားရင်ဆိုင်နေရဆဲဖြစ်သည်။

Most read this week

February 14, 2026
- သူတစ်ပါးလက်အောက်ခံမဖြစ်ရေး အားလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ -...
February 14, 2026
- ဝိုင်းမော်မြို့ ၅၈ တပ်ရင်းအနီးတစ်ဝိုက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA...
February 13, 2026
- လက်ရှိ တော်လှန်ရေးအောင်မြင်အောင် ဆင်နွှဲနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ K3C...
February 12, 2026
- ပြီးခဲ့တဲ့နှစ်မှာ စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း...