ပြည်တွင်းတွင် စားအုန်းဆီ (၉)ရက်စာသာကျန်ရှိတော့သည့်အတွက် ဆီဖြန့်ဖြူးမှုကို လျှော့ချသွားမည်

ပြည်တွင်းတွင် စားအုန်းဆီ (၉)ရက်စာသာကျန်ရှိတော့သည့်အတွက် ဆီဖြန့်ဖြူးမှုကို လျှော့ချသွားမည်

မြန်မာနိုင်ငံတွင် စားအုန်းဆီ (၉)ရက်စာသာကျန်ရှိတော့သည့်အတွက် ဆီဖြန့်ဖြူးရောင်းချပေးမှုကို လျှော့ရောင်းချသွားရန်ညွှန်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ချိုက DMG သို့ ပြောသည်။

နိုင်ငံ၏စားအုန်းဆီလိုအပ်ချက်မှာ တစ်ရက်လျှင်တန်ချိန် ၂၀၀၀ အထိရှိသော်လည်း လက်ရှိ ဆီသိုလှောင်ကန်များတွင် ဆီတန်ချိန် ၁၈၀၀၀ ခန့်သာကျန်ရှိတော့သည့်အတွက် တစ်ရက်လျှင် ဆီတန်ချိန် ၂၀၀၀ အစား တန်ချိန် ၁၀၀၀ သာ ဖြန့်ဖြူးရောင်းချရန်ညွှန်ကြားထားကြောင်း ၎င်းကပြောသည်။

“အခုက အင်ဒိုနီးရှားကနေ ဆီတင်သွင်းလို့မရတော့တဲ့အတွက် မလေးရှားကနေတင်သွင်းဖို့ ကုန်သယ်တွေ ကြိုးစားနေကြတယ်။ ဒီကြားထဲမှာ ဆီပြတ်တောက်တာတွေမဖြစ်အောင် ထိန်းပြီးသွားလို့ရအောင် ညွှန်ကြားရတာဖြစ်တယ် ”ဟု ဦးမြင့်ချို ကဆိုသည်။

ထိုသို့စားအုန်းဆီကို လျှော့ချဖြန့်ဖြူးရန်သာညွှန်ကြားခဲ့သော်လည်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကမူ ဆီကန်အတွင်းရှိနေသော ဆီတန်ချိန် ၁၈၀၉၇ ဒဿမ ၁၆ တန်ကို အကြောင်းကြားချက်တစ်စုံတစ်ရာမရှိပဲ ထုတ်ပေးခြင်းမပြုလုပ်ရန်ဟု မေလ ၁၀ ရက်နေ့က အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။

“ပုံမှန်ထုတ်နေတာကို နည်းနည်းလျှော့ဖို့ပြောလိုက်တာ။ ဒါကို ကုန်သည်တွေက လုံးဝမထုတ်ဖို့ စာတွေပါထုတ်လိုက်ကြတာ။ ဒါက မီးလန့်တာသက်သက်ပဲဖြစ်ပါတယ်။ မီးလောင်တာမဟုတ်ပါဘူး”ဟု ဦးမြင့်ချိုကဆိုသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ရန်ကုန်ရှိဆီပွဲရုံများမှ ဆီဝယ်ယူ၍မရခဲ့ကြောင်း ရခိုင်မှ ဆီလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။

“ဆီက ဒီနေ့မှဝယ်လို့ရတယ်။ ဈေးနှုန်းကတော့ နည်းနည်းတက်တယ်။ လက်ရှိ ရခိုင်မှာတော့ ၁၀ ပိဿာကို ခုနှစ်သောင်းကျော်နဲ့ ရောင်းနေကြရပါတယ်။ ဆီတွေကတော့ ရှိတာတွေကိုရောင်းနေရတာပါပဲ”ဟု ဆီလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှမောင်သိန်းကပြောသည်။

ယခုကဲ့သို့ ဈေးကွက်အတွင်း ဆီလိုအပ်ချက်ကို လောက်ငှအောင်ရောင်းချနိုင်ခြင်းမရှိပါက ဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး အခြေခံလူတန်းစားများအဖို့ ဆီသုံးစွဲရန်အခက်ကြုံလာနိုင်ကြောင်း ဝါရင့်စီးပွားရေးသမား တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။

“ဒီအတိုင်းဆိုရင် ဆီတွေကဈေးတက်လာပြီး အခြေခံလူတန်းစားတွေအတွက် အခက်ခဲဖြစ်လာနိုင်တယ်။ နောက်ပြီး ရခိုင်ကလူတွေအနေနဲ့လည်း ပြည်မကိုချည်းပဲ မှီခိုနေတာမျိုးတွေကိုဖောက်ထွက်ပြီး ကိုယ်တို့ကိုယ်တိုင် တိုက်ရိုက်ဝယ်ယူနိုင်အောင် လမ်းစရှာသင့်နေပါပြီ”ဟု ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံအတွက် လိုအပ်သည့် စားအုန်းဆီ၏ ၉၆ ရာခိုင်နှုန်းကို တင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့မှစတင်ကာ စားအုန်းဆီတင်ပို့မှုကိုရပ်ဆိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စားအုန်းဆီများကို သိုလှောင်ထားသူများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချသူများကို အရေးယူသွားမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ပြောဆိုထားသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...