စစ်ခေါင်းဆောင်ပိုင် အင်းလျားလမ်း နေအိမ်ကို ရောင်းချမှု ၅ ရက်အတွင်း ကန်ဒေါ်လာ ၃ သန်းရရှိ

စစ်ခေါင်းဆောင်ပိုင် အင်းလျားလမ်း နေအိမ်ကို ရောင်းချမှု ၅ ရက်အတွင်း ကန်ဒေါ်လာ ၃ သန်းရရှိ

အာဏာသိမ်း စစ်ခေါင်းဆောင် သိမ်းယူထားသည့် ရန်ကုန်မြို့၊ အင်းလျားလမ်း ခြံအမှတ် (၁၄) နေအိမ်ကို လေလံတင် ရောင်းချခဲ့ရာ ငါးရက်အတွင်း အမေရိကန်ဒေါ်လာ သုံးသန်း ရရှိထားကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မေလ ၁၁ ရက်နေ့တွင် ပြောသည်။

စစ်ခေါင်းဆောင် မတရား ရယူထားသည့် အင်းလျားလမ်း နိုင်ငံပိုင်မြေသည် ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ကာလတန်ဖိုး၏ သုံးပုံ တစ်ပုံ ဖြစ်သည့် ဒေါ်လာ ၁၀ သန်းနှင့် တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ တစ်ခုကို ဒေါ်လာ ၁၀၀ နှုန်းဖြင့် ရှယ်ယာ တစ်သိန်းတိတိ ရောင်းချမည် ဖြစ်ကြောင်း NUG က ပြောသည်။

ယင်းသို့ ရောင်းချရာ ငါးရက်အတွင်းမှာ အမေရိန်ကန်ဒေါ် သုံးသန်း အထိ ရရှိခဲ့ခြင်း ဖြစ်သည်။

အစုရှယ်ယာ ဝယ်ယူသူများ၏ ၁၀ ရာခိုင်နှုန်းကျော်သည် အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသား ခံယူလိုက်သူများ ပါဝင်သကဲ့သို့ မြန်မာပြည်ဖွား မဟုတ်သည့် နိုင်ငံခြားသား များလည်း ပါဝင်ကြောင်း ဦးတင်ထွန်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှာ ရေးသားထားသည်။

“အာဏာရှင် ရွံမုန်းစိတ်၊ အမှန်တရားကို ချစ်မြတ်နိုးစိတ် ဆိုတာ လူမျိုးဘာသာ၊ အသားအရောင်၊ နိုင်ငံသား၊ လိင်စိတ်ကွဲပြား တိမ်းညွှတ်မှု တွေကို ကျော်လွန် ဖြစ်တည်နေတဲ့ လူသားဆန်မှု အလှတရား တစ်ခုသာ ဖြစ်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘွတ်တွင် မှတ်ချက်ပြု ထားသည်။

ယင်းရောင်းချမှုကို အမျိုးသား ညီညွတ်ရေးအစိုးရ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “အကြမ်းဖက် စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေ ဆိုင်ရာ အခြေခံမူများ” အပိုဒ် (၄) နှင့် အပိုဒ် (၅) အရ စီမံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း NUG အစိုးရက ကြေညာထားသည်။

စစ်အာဏာရှင်စနစ် အဆုံးသတ်ရန် အတွက် အစုရှယ်ယာများကို အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဝယ်ယူကြရန်လည်း NUG အစိုးရက တိုက်တွန်းထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...