မရမ်းကုန်းမြို့နယ်က စစ်ကောင်စီခန့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

မရမ်းကုန်းမြို့နယ်က စစ်ကောင်စီခန့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အတွင်း ရာအိမ်မှူး မကြည်ခိုင်ဝင်းဆိုသူကို မြို့ပြပြောက်ကျားများအဖွဲ့က ယနေ့ မေလ ၁၁ရက်နေ့ မနက်ပိုင်းအချိန်တွင် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်ထပ်အဆောက်အဦ အပေါ်ထပ်တွင် ဖွင့်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အတွင်းသို့ လူ နှစ်ဦး ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရာအိမ်မှူး မကြည်ခိုင်ဝင်းသည် ထိုနေရာမှာပင် သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ရှိနေသည့် အုပ်ချုပ်ရေးမှူး ဦးနေဝင်းသည် ဝမ်းဗိုက်နှင့်ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ဦးမြသန်း ဆိုသူလည်း ဝဲပါးစောင်ဖောက်ဝင်၊ ဝဲလက်ဖျံကျည်ထိထား၍ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိထားသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် မကြည်ခိုင်ဝင်းသည် ဆန္ဒပြသည့်အချိန်က  သတင်းပေးကာ လူငယ်များအား ဖမ်းခိုင်းခြင်း၊ သပိတ်တည်နေရာများအား ပြကာဖမ်းဆီးခိုင်းခြင်း များကို လုပ်ဆောင်သူဖြစ်ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် ယနေ့အချိန်အထိ တက်ကြွလှုပ်ရှားသူလူငယ်များ၏ သတင်းအချက်လက်များအား စစ်ကောင်စီထံ ပေးပို့တိုင်ကြားကာ လူငယ်များအား လိုက်လံဖမ်းဆီးမှုများဆက်တိုက်ပြုလုပ် နေသူဖြစ်ကြောင်း သိရသည်။

မကြည်ခိုင်ဝင်းသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဧည့်စာရင်းစစ် ငွေညှစ်ခြင်းများကိုလည်း လုပ် ဆောင်သည်ဟု သိရသည်။

ရပ်ကွက်နေပြည်သူတစ်ဦးက “သူကဒလန်အကြီးစားလေ။သူ့ကြောင့်အဖမ်းခံလိုက်ရတဲ့ကလေးတွေ၊ အိမ်မှာမနေရတော့တဲ့ကလေးတွေအများကြီးပဲ“ ဟုပြောသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...