COVID-19 ကာကွယ်ဆေးအလုံးရေ ၅ သန်း မြန်မာကို ပေးလှူရန် ဖိလစ်ပိုင် စီစဉ်နေ

COVID-19 ကာကွယ်ဆေးအလုံးရေ ၅ သန်း မြန်မာကို ပေးလှူရန် ဖိလစ်ပိုင် စီစဉ်နေ

ဖိလစ်ပိုင်အစိုးရသည် သက်တမ်းကုန်လုခါနီး Sputnik V COVID-19 ကာကွယ်ဆေးအလုံးရေ ငါးသန်းကို မြန်မာနိုင်ငံကို လှူဒါန်းပေးရန် စဉ်းစားလျက် ရှိကြောင်း အကြီးတန်း ဖိလစ်ပိုင် ကျန်းမာရေးအရာရှိတစ်ဦးက မေလ ၂ ရက်တွင် ပြောသည်။

ဖိလစ်ပိုင်သည် ယမန်နှစ်က ယင်း၏ လူဦးရေ သန်း ၁၁၀ အတွက် ကာကွယ်ဆေးများ ရရှိနိုင်ရေး အသည်းအသန် ကြိုးပမ်းခဲ့ရပြီးနောက် ယခု လှူဒါန်းမှုသည် ဖိလစ်ပိုင်နိုင်ငံက အခြား နိုင်ငံတစ်နိုင်ငံထံ ပထမဆုံး လှူဒါန်းမှု ဖြစ်လာမည် ဖြစ်သည်။

လက်ရှိအချိန်၌ ဖိလစ်ပိုင်တွင် ကာကွယ်ဆေးများ လုံလောက်သည့်အပြင် ပိုလျှံနေပြီဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

ဖိလစ်ပိုင်အာဏာပိုင်များသည် ရုရှ ထုတ် ကာကွယ်ဆေးများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေတစ်ဆင့် လှူဒါန်းနိုင်ရေး ကြိုးပမ်းနေကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန လက်ထောက်အတွင်းဝန် မာရီယာ ရိုဆာရီယို ဗာဂျီရီက ပုံမှန် ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောသည်။

ပြီးခဲ့သည့် ၁၅ လ အကြာက စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေသည့် မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ ၅၃ သန်း၏ ထက်ဝက်အောက် လျော့သည့် ဦးရေပမာဏကသာလျင် COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကို အာရှ၌ အဆိုးဆုံး COVID-19 အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ခဲ့ရသည့် ဖိလစ်ပိုင်ရှိ ကာကွယ်ဆေးထိုးပြီးသူ လူပေါင်း ၆၇ ဒသမ ၉ သန်းနီးပါးနှင့် နှိုင်းယှဉ်နိုင်သည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...