ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် မသန်စွမ်းသူ အားလုံးနီးပါး

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် မသန်စွမ်းသူ အားလုံးနီးပါး

ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ ရပ်နားလာမှုနဲ့အတူ အလုပ်ကနေ ထုတ်ပယ်ခံရတာကြောင့် မသန်စွမ်းသူ အားလုံးနီးပါး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရတယ်လို့ မသန်စွမ်း အရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သုတေသနစစ်တမ်းတွေအရ နိုင်ငံရဲ့ မသန်စွမ်းသူ ၁၅ ရာခိုင်နှုန်းဟာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာပါ။

ဒါပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းကာလအတွင်း စီးပွားရေးလုပ်ငန်းတွေ ရပ်နားခဲ့တာကြောင့် မသန်စွမ်းသူ အားလုံးနီးပါး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။

အလုပ် ရပ်နားခံရတဲ့ မသန်စွမ်းသူတွေဟာ အခုအခါမှာတော့ ပုံမှန်ဝင်ငွေ မရှိတာကြောင့် ဘဝရပ်တည်နေထိုင်ရေးအတွက် အကြီးအကျယ် ဒုက္ခကြုံနေရတယ်လို့ မသန်စွမ်း အရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက အခုလို ပြောပါတယ်

“ စီးပွားရေးကပ်ဆိုဒ်လို့ လုပ်ငန်းတွေလျှော့တဲ့အခါ မသန်စွမ်းသူတွေက အရင်ဆုံး အလုပ်ဖြုတ် ခံရတာပေါ့။ အမျိုးသားတွေထက်စာရင် မသန်စွမ်းသူ အမျိုးသမီးတွေက အလွယ်တကူ အလုပ်ရပ်နားခံရတယ်ပေါ့။ ဝင်ငွေမရှိတော့ လူမှုစီးပွားထိခိုက်မှုတွေက အများကြီး ရှိတာပေါ့။ နေထိုင်မကောင်းဖြစ်ရင် ဆေးမကုနိုင်ဘူး ၊ ဆေးမကုနိုင်တော့ အလုပ်မလုပ်နိုင်ဘူး။ ဒီလိုပဲ ပတ်ချာလည်နေပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ မသန်စွမ်းသူတွေဟာ မိသားစု စားဝတ်ရေးအတွက် ပိုမို အကြပ်အတည်း ဖြစ်လာတာကြောင့် အကူအညီတွေ လိုအပ်နေပါတယ်။

မသန်စွမ်းသူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း အခက်အခဲကြောင့် ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုမို ကြုံတွေ့လာရသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ မသန်စွမ်း အရေး ကူညီဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...